Wednesday, May 7, 2014

မိဘလုပ်ကျွေးသောရဟန်း


မိဘလုပ်ကျွေးသောရဟန်း

အရှင်ဘုရား။ သံဃာတော်တို့သည် မိဘ
နှစ်ပါးကိုလုပ်ကျွေးကောင်းသည်ဟု သိရ
ပါသည်။ရဟန်းဘ၀၌ဒါယကာဒါယိကာမ
များက လှူဒါန်းလိုက်သောဝတ္ထုငွေများနှင့်
ပစ္စည်းအသုံးအဆောင်တို့ကို မိဘ ညီအစ်
ကို အစ်မ ညီမတို့အားပေးကမ်း၍ ရပါသ
လား။ ဘုရားဟော ဒေသနာနှင့်လျော်ညီ
အောင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို
ညွှန်ပြတော်မူပါဘုရား.။

မိဘကိုပြုစုလုပ်ကျွေးခြင်းသည် ဘုရားရှင်
၏ အစဉ်အလာဖြစ်ပါသည်။ ဆွမ်းခံကျွေး
ခြင်း၊ ဆေးကုသ ပေးခြင်း အစရှိသည်တို့
ဖြင့်ပြုစု လုပ်ကျွေးနိုင်ပါသည်။ ဘုရားရှင်
ချီးမွှန်းသော လုပ်ငန်း ဖြစ်ပါသည်။ ငါးရာ့
ငါးဆယ် ဇာတ် နိပါတ်တော်များ၌ ၀တ္ထု
သာဓကများကို ဖတ်ရှု လေ့လာနိုင်ပါ
သည်။ သီလမရှိသောမိဘများကိုသီလရှိ
အောင်။ ဒါနမရှိသောမိဘများကို ဒါနပြု
လုပ်နိုင်အောင်၊ ဘာဝနာလုပ်ငန်းများကို
ပွားများအားထုတ်နိုင်အောင် ဟောပြခြင်း
စီစဉ်ပေးခြင်း စသောဓမ္မရတနာဖြင့်ကျေး
ဇူးဆပ်ခြင်း မိမိကိုယ်တိုင် သာသနာ့ဝန်
ဆောင်၍ ကျေးဇူး ဆပ်ခြင်းသည် အ
ကောင်းဆုံးကျေးဇူးဆပ်နည်းဖြစ်ပါသည်။

မိမိပိုင် ပစ္စည်းများကို မိဘ၊ အစ်ကိုကြီး
အစ်မကြီးများကိုသင့်သလိုပေးနိုင်ပါသည်။
ကျန် ညီ၊ ညီမများကို ဝေယျာဝစ္စလုပ်နေ
လျှင်ထိုက်သင့်သလောက်ပေးနိုင်ပါသည်။
သို့သော် အလှူရှင်များ စေတနာပျက်စီး
လောက်အောင်ကား မပေးသင့်ပါ။

မိမိပစ္စည်းဆိုသော်လည်း သာသနာတော်
ပိုင်ပစ္စည်းများဖြစ်ပါသည်။ သာသနာတော်
က လူထွက်လိုက်လျှင် မိမိသည်ပင် မသုံး
ထိုက်တော့ပါ။

ဘဒ္ဒန္တကုမာရ ( အဂ္ဂမဟာပဏ္ဍိတ )
မဟာသိမ်တော်ကြီးဆရာတော်

0 comments:

Post a Comment