Friday, May 9, 2014

“သာသနာကွယ်ခြင်း အကြောင်းရင်း”

“သာသနာကွယ်ခြင်း အကြောင်းရင်း”
••••••••••••••••••••••••••••••
“ကဿပ ဥပမာအားဖြင့် လောက၌ ရွှေတုငွေတု
မပေါ်သေးသမျှ ရွှေစစ်ငွေစစ် သည်မကွယ်ပျောက်နိုင်။
ရွှေတုငွေတုပေါ်သော အခါကျမှသာလျှင် ရွှေစစ်ငွေ
စစ်သည် ကွယ်ပျောက်သကဲ့သို့ 
ထို့အတူလောက၌ “တရားတု၊ တရားယောင်၊
တရားလက်သစ်” မပေါ် သေးသမျှ
သူတော်ကောင်းတို့၏တရားစစ်တည်းဟူ
သော သာသနာတော်သည် မကွယ်ပျောက်နိုင်။

တရားတု၊ တရားယောင်၊ တရားလက်သစ်
ပေါ်ပေါက်လာသော အခါကျမှသာလျှင်
သူတော်ကောင်းတို့၏ တရားစစ်တည်းဟူသော
သာသနာတော်သည် ကွယ်ပျောက်ရလေတော့၏။

ကဿပ ပထ၀ီစသော ဓာတ်ကြီးလေးပါးသည်
သာသနာတော်ကို မကွယ်ပျောက်စေနိုင်၊
သာသနာတွင်းမှ ပုဂ္ဂိုလ်များသည်သာလျှင်
သာသနာတော်ကို ကွယ်ပျောက်စေနိုင်သည်။”

-(နိဒါန ၀ဂ္ဂသံယုတ်၊ သဒ္ဓမ္မရူပကသုတ်)

အထက်ပါ ဗုဒ္ဓ၏ဟောကြားချက်ကိုထောက်ထား၍
ဗုဒ္ဓ၏အဆုံးအမ၊ သာသနာတော်ကို မကွယ်ပစေလိုသော
သူတော်ကောင်းမှန်သမျှ ထေရဝါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်၊
ဖော်ဆောင်ချက်၊ အခြေခံအချက်အလက် များကို
သေချာကျနစွာသိရှိရန် လွန်စွာမှအရေးကြီးလှပါသည်။

အဘယ့်ကြောင့်ဆိုသော် “တရားတု၊ တရားယောင်များ”သည်
သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုးဖြင့် နည်းမျိုးစုံဖြင့်
ပေါ်ပေါက်နေသောကြောင့် ဖြစ်ပါသည်။

သာသနာတွင်းက ပုဂ္ဂိုလ်များသည်သာ
သာသနာတော်ကို ကွယ်ပျောက်စေနိုင်သည်ဟူသော
ဗုဒ္ဓ၏ ဟောကြားချက်ကိုလည်း
ကြပ်ကြပ်ကြီးသတိထား၍ မိမိကိုယ်ကို ဦးစွာစစ်ဆေးသင့်သည်။
မိမိကိုယ်တိုင် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မကိုက်ညီသော
ကျင့်ထုံးများကို ကျင့်သုံး၍နေမိပါက မိမိသည်ပင်လျှင်
သာသနာကွယ်ပျောက်အောင် ဖန်တီးသူတစ်ယောက်
ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။

-【မေတ္တာရှင်(ရွှေပြည်သာ)၏ “မျက်ရည်မကျခင်သိစေချင်” -
မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။】

0 comments:

Post a Comment