Friday, May 30, 2014

နောက်ဘုရားမျှော်သူတို့ ဆင်ခြင်တွေးတော ရမည့် အချက်ကား အဘယ်နည်း။

နောက်ဘုရားမျှော်သူတို့ ဆင်ခြင်တွေးတော
ရမည့် အချက်ကား အဘယ်နည်း။

နောင်ပွင့် လတ္တံ့သော အရိမိတ္တေယျဘုရားရှင်
အား စောင့်စားပြီးမှ ကျွတ်တန်း ၀င်လိုသူများ
အနေဖြင့် အောက်ဖော်ပြပါအချက်များကို အ
လေးအနက် စောကြော ဆင်ခြင် သုံးသပ်သင့်
ပါသည်။

၁။ ဂေါတမဘုရားရှင်ကို ဖူးတွေ့ရသူတိုင်း
ကျွတ်တန်း ၀င်ပါသလား။

၂။ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရပါလျက် ဒေဝ
ဒတ်ကဲ့သို့ အ၀ီစိရောက်သွားသူများ ကျွတ်တန်း
မ၀င်သူများလည်း မရှိပါသလော။

၃။ မိမိ အနေဖြင့် နောင်ဘုရားမပွင့်မှီ စပ်ကြား
အသင်္ချေ အနန္တ ရှည်ကြာလွန်းသော သံသရာ
ခရီးရှည်ကြီး တစ်လျှောက် မည်သည့်ဘုံဘ၀သို့
ကျရောက်နိုင်မည်ကို မည်သို့အာမခံချက်ပေးနိုင်
ပါမည်နည်း။

၎။ အရိမိတ္တေယျမြတ်စွာဘုရားပွင့်ချိန်တွင် မိမိ
သည် လူ့ဘုံဘ၀ ရောက်မည်။ အရိမိတ္တေယျ
ဘုရားရှင်ကို မုချ ဖူးတွေ့ရမည်ဟုလည်း တစ်
ထစ်ချမျှော်လင့်၍ ရနိုင်ပါမည်လော။

မင်းနန် မော်ကျွန်း
ဓမ္မလမ်းညွှန် စာစုမွန်

0 comments:

Post a Comment