Wednesday, May 7, 2014

သာသနာပြုအစစ်အမှန်


သာသနာပြုအစစ်အမှန်

သောတာပန်တည်လျှင် အပါယ် မကျ
နိုင်ကြောင်းကို ဗုဒ္ဓဘာသာတိုင်း နီးပါး
သိကြ၏။ ဘာကြောင့် အပါယ် မကျ
သနည်းဟု ဆစ်ပိုင်းပြီး မေးလျှင် သေ
ချာစွာ ဖြေတတ်သူ အလွန် နည်း၏။
လယ်တီဆရာတော်ကြီး ရေးသားသော
အနတ္တဒီပနီကျမ်းသစ်ကိုမှီး၍ထိုမေးခွန်း
ကို အကျဉ်းချုပ်ဖြေအံ့။ သံသရာသည်
သုံးမျိုးရှိ၏။ ယင်းတို့ကား အောက်သံ
သရာ၊ အလယ်သံသရာ၊ အထက်သံ
သရာတို့ဖြစ်၏။

အပါယ်လေးဘုံကို အောက် သံသရာဟု
ခေါ်၏။ လူ့ဘုံ နတ်ဘုံကို အလယ်သံသ
ရာဟုခေါ်၏။ ဗြဟ္မာဘုံကို အထက်သံသ
ရာဟုခေါ်၏။ ထိုတွင်အောက်သံသရာကို
လည်စေသောဝဋ်သုံးပါးကိုပြအံ့။ အောက်
သံသရာကိုလည်စေသော ကိလေသ၀ဋ်
အရ ရုပ်နာမ်ကို ငါကောင်ဟု အယူမှား
သော ဒိဋ္ဌိကိုယူရ၏။ ရုပ်နာမ်ကိုငါဟုယူ
သော အယူမှားသောဒိဋ္ဌိကြောင့် ဒုစရိုက်
အကုသိုလ်များကို ပြုလုပ်ပြီးရှာကျွေး၏။
ဤကား ကမ္မ၀ဋ်တည်း။

ထိုကမ္မ၀ဋ်ဒုစရိုက်အကုသိုလ်များကြောင့်
ဝိပါက၀ဋ်ဟုဆိုအပ်သော အပါယ်ခန္ဓာကို
ရကြခြင်း ဖြစ်၏။ သောတာပတ္တိမဂ်ကိုရ
သွားသောကြောင့် ငါစွဲ ကိလေသာ ဒိဋ္ဌိ
ပြုတ်သွား၏။ ငါစွဲပြုတ်သွားသောကြောင့်
ငါအပါအ၀င် ငါနှင့်ပတ်သတ်သောသား
မယားတို့အား ဒုစရိုက်မှုဖြင့်လုပ်ကျွေး
ခြင်းမပြုတော့။ ထိုအခါ ကမ္မ၀ဋ်မဖြစ်
တော့ ကိလေသ၀ဋ် ကမ္မ၀ဋ်ဟူသော
အကြောင်းဝဋ်များ မရှိသောအခါ ၀ိပါက
ဟူသော အကျိုးဝဋ်အပါယ်ခန္ဓာကြီးငြိမ်း
သွားရခြင်းဖြစ်၏။

ဤကားသောတာပန်တည်သောကြောင့်
အပါယါမကျပုံကို ရှင်းပြခြင်းတည်း။ မဂ်
လေးပါးက ဒုစရိုက်ဆယ်ပါးကိုအစဉ်အ
တိုင်းပယ်သတ်သွားပုံကို အင်္ဂုတ္ထိုလ်အဋ္ဌ
ကထာ၌ တိကျစွာဖွင့်ပြထား၏။ ထိုဖွင့်
ပြချက်ကို လင်္ကာသီထားပုံမှာ

ပါဒိန္နာ မိစ္ဆာမု၊ ပိသုဏဒိဋ္ဌိပါ၊ ဤခြောက်
တန် အာရမော၊ သောမဂ်ပယ်ခွါ၊ ဖရုသာ
ဗျာနာဂါမိ၊ ဘိဇ်သမ္ဖာ လေးကြိမ် သတ်
တယ်လို့ မြတ်အဋ္ဌကထာတိကင်္ဂုတ်ဝယ်၊
မိန့်ထုတ်လေဘိ ဟူ၍ဖြစ်၏။

အဓိပ္ပါယ်မှာ ပါဏာတိပါတ၊ အဒိန္နာဒါန၊
ကာမေသုမိစ္ဆာစာရ၊ မုသာပါဒါ၊ ပိသုဏ
ဝါစာ၊ မိစ္ဆာဒိဋ္ဌိ ဒုစရိုက် ၆ပါးကို သောတာ
ပတ္တိမဂ်က ပါယ်သတ်သည်။ ဖရုသနှင့်
ဗျာပါဒကိုအနာဂါမိမဂ်ကပယ်သတ်သည်။
အဘိဇ္ဈာနှင့် သမ္ဖပ္ပလာပကိုအရဟတ္တမဂ်
က ပယ်သတ်သည်။ ဤအထိ ရေးသား
ချက်အားလုံး၏ အချုပ်မှာ လူသားတစ်
ယောက်၏ နှလုံးသား၌ သီလ၊ သမာဓိ၊
ပညာများ တည်သွားအောင်ပြုပေးခြင်း
ကို သာသနာပြုခြင်းဟူ၍ သိစေလိုရင်း
ပင်ဖြစ်၏။

လူတစ်ယောက်၏ နှလုံးသားတွင် သိက္ခာ
သုံးပါးတည်သွားစေသော လုပ်ငန်းများမှာ
စာပေပို့ချ သင်ကြားခြင်း၊ တရားစာပေများ
ကိုရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း
တို့ပင် ဖြစ်၏။ ထိုလုပ်ငန်း အားလုံးသည်
သာသနာပြုခြင်း အစစ်အမှန်ပင် ဖြစ်၏။

မေတ္တာရှင်-ရွှေပြည်သာ
ဘ၀နှင့်ရင်းရသော အတွေးအမြင်များ

0 comments:

Post a Comment