Friday, May 30, 2014

စိတ္တဇဝေဒနာဖြစ်ခြင်းအကြောင်းလေးချက်

စိတ္တဇဝေဒနာဖြစ်ခြင်းအကြောင်းလေးချက်

ပထမအချက်က ယောဂီကိုမနိုင်ဝန်ထမ်းခိုင်း
တာပဲ။ ၀ိပဿနာဟာဉာဏ်ပညာအလုပ်ဖြစ်
တဲ့အတွက် အခြေခံ ပညတ် ပရမတ်သဘော
တရားတွေကို ဟောကြား သင်ကြားပေးခြင်း
မရှိပဲ ရောက်လာတာနဲ့ ဂူထဲထည့်ပြီး မရပ်
မနား ထိုင်ခိုင်းတော့တာပဲ။ ဒါကြောင့် ယောဂီ
မှာ ဘာအသိပညာမှတိုးမလာဘဲ စိတ်ပင်ပန်း
ကိုယ်ပင်ပန်းတဲ့ ဒဏ်ကြောင့် စိတ္တဇ ဝေဒနာ
ဖြစ်သွားတာပဲ။

ဒုတိယအချက်က သေရည်သေရက် သောက်
ခဲ့တဲ့သူတွေဟာ အပေါ့ဆုံးအကျိုးအားဖြင့်ဖြစ်
ရာဘ၀မှာ စိတ္တဇဝေဒနာသည် ဖြစ်ရကြောင်း
အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဗုဒ္ဓဟောကြားထားတာ
ရှိတယ်။ ဒီယောဂီဟာ သေရည်သောက်ခဲ့တဲ့
အကုသိုလ်ရှိတယ်။ ဒါကြောင့်ဒီဘ၀အသက်
သုံးဆယ်မှာ စိတ္တဇဝေဒနာဖြစ်မယ်။ အသက်
သုံးဆယ်ပြည့်တာနဲ့ စာတွေ တအားကျက်
လည်း စိတ္တဇဝေဒနာဖြစ်မှာပဲ။ သူ့ပစ္စည်းတွေ
အခိုးခံရလည်း စိတ္တဇဝေဒနာ ဖြစ်မှာပဲ။ ရည်း
စားနဲ့ကွဲလည်း စိတ္တဇဝေဒနာဖြစ်မှာပဲ။ စာမေး
ပွဲကျလည်း စိတ္တဇဝေဒနာဖြစ်မှာပဲ။ အိမ်ကနှင်
ချခံရလည်း စိတ္တဇဝေဒနာ ဖြစ်မှာပဲ။ တရား
အားထုတ်လည်း စိတ္တဇဝေဒနာဖြစ်မှာပဲ။
ဒီအချိန်မှာ တရားအားထုတ်လိုက်တော့တရား
အားထုတ်လို့ စိတ္တဇဖြစ်တယ်လို့ပြောစရာဖြစ်
သွားတာပေါ့။ အမှန်ကတော့ သုရာမေရကံ
အကျိုးပေးချိန်တန်လို့စိတ္တဇဝေဒနာဖြစ်ရတာ
ပါ။ မြိတ်မြို့မှာစိတ္တဇဝေဒနာသည်တစ်ယောက်
အကြောင်းကိုကြားဖူးတယ်။ တစ်နေ့တော့အိမ်
တစ်အိမ်ဟာသူခိုးအခိုးခံရတယ်။ ရှိသမျှပစ္စည်း
တွေ အတော်ပါသွားတယ်။

ဒီမိသားစုထဲကမိန်းကလေးတစ်ဦးဟာပါသွား
တဲ့ သူ့ပစ္စည်းတွေအကြောင်းပြောရင်းနေ့စဉ်
ငိုတယ်။ ရက်ကြာလာတဲ့အခါ စိတ္တဇဝေဒနာ
သည် ဖြစ်သွားလိုက်တာ အခုထိ ကုလို့ မရ
တော့ဘူး။ မိသားစုအားလုံးပစ္စည်းအခိုးခံရ
တာပဲ။ ပစ္စည်းတွေ အခိုးခံရတဲ့ အကြောင်း
ကြောင့် စိတ္တဇဝေဒနာဖြစ်မယ်ဆိုရင် တစ်မိ
သားစုလုံးဖြစ်ရမယ်။

အခုဒီမိန်းကလေးတစ်ယောက်တည်းဖြစ်
တယ်ဆိုတော့ စိတ္တဇဝေဒနာဖြစ်ရတာဟာ
ပစ္စည်းအခိုးခံရတာအဓိကမဟုတ်ကြောင်း
ထင်ရှားတယ်။ အဓိကကတော့သေရည်
သောက်ခဲ့တဲ့ကံကြောင့်ပဲ။

အခုလည်း တရားအားထုတ်တိုင်း စိတ္တဇ
ဝေဒနာဖြစ်ရမယ်ဆိုရင် ယောဂီတိုင်းစိတ္တဇ
ဝေဒနာဖြစ်ရမယ်။ ယခုယောဂီတိုင်းမဖြစ်ပဲ
တစ်သောင်းမှာတစ်ယောက်လောက်စိတ္တဇ
ဝေဒနာဖြစ်တယ်ဆိုတော့ တရားအားထုတ်
လို့မဖြစ်ဘဲ သေရည်သောက်ခဲ့လို့ဆိုတာ
ထင်ရှားပါတယ်။

စိတ္တဇဝေဒနာဖြစ်ခြင်းရဲ့ တတိယအချက်က
မရစဖူးအရထူးလာတဲ့သမာဓိကို အကျိုးမရှိ
တဲ့နေရာ အသုံးချမိတဲ့အတွက်ကြောင့်ပဲ။
တစ်ချို့တရားစခန်းတွေက သမာဓိကိုတော်
တော်လုပ်ခိုင်းတယ်။ တကယ်တော့ဒီသမာဓိ
ဟာရုပ်နာမ် အဖြစ်အပျက်ကို တည်ငြိမ်စွာ
ကြည့်တတ်ဖို့ပဲ။ ဒါပေမယ့် ယောဂီဟာကြည့်
နည်းကို မသိရှာဘူး။

ဒီတော့ သမာဓိကို မဟုတ်တဲ့နေရာမှာ သုံးမိ
တယ်။ဘယ်လိုပုံဖော်မိသလဲဆိုတော့ကြောက်
စရာ မကောင်းဆိုးဝါးပုံတွေကို မိမိသမာဓိနဲ့ ပုံ
ဖော်ပစ်လိုက်တယ်။ ဥပမာ ခုချိန်မှာ ငါ့နောက်
ကထန်းပင်အမြင့်လောက်ရှိတဲ့ မကောင်းဆိုးဝါး
ကြီးတစ်ကောင်ပေါ်ဏလာပြီးငါ့ကိုမယူသွားရင်
ဘယ်လိုလုပ်မလဲဆိုပြီးတွေးလိုက်တယ်။

တွေးတယ်ဆိုတာ မိမိရထားတဲ့သမာဓိနဲ့
မကောင်းဆိုးဝါးကို ပုံဖော်လိုက်တာပဲ။ သမာဓိ
ကအားကောင်းနေတော့ ပုံဖော်လိုက်တာနဲ့ပေါ်
လာတာပဲ။ ပေါ်လာတာနဲ့ ကြောက်ပြီး ထပြေး
လိုက်တာ အဲဒီက စပြီး စိတ္တဇဝေဒနာဖြစ်သွား
တာပဲ။ ဒါကြောင့် သမာဓိကို မဟုတ်တဲ့နေရာ
မှာမသုံးဘဲ ရုပ်နာမ်ရဲ့မမြဲမှုကို ကြည့်တဲ့နေရာ
မှာသာ သုံးရမယ့်အကြောင်းဆရာကသင်ပေး
ရတယ်။

စိတ္တဇဝေဒနာ ဖြစ်ခြင်းရဲ့ စတုတ္ထ အချက်က
တော့ ဘိုးတော်တွေ ၀ိဇ္ဇာတွေဖြစ်စေ မာရ်နတ်
ရဲ့အသင်းအပင်းများကဖြစ်စေ ကြောက်စရာ
လူသေကောင်တွေအရိုးစုတွေကို ကြံဖန်ပုံဖော်
ပြတတ်ကြတယ်။ အဲဒီလို အနှောက်အယှက်
တွေ မဖြစ်အောင်ကတော့ မေတ္တာဘာဝနာကို
နိုင်အောင်ပွားပြီးကာကွယ်ရတယ်။

မေတ္တာရှင် ရွှေပြည်သာ
ဂမ္ဘီရ၀ိပဿနာ ၅+၆
 —

0 comments:

Post a Comment