Friday, May 30, 2014

ကြည့်တတ်တော့ ဘာဝနာ

ကြည့်တတ်တော့ ဘာဝနာ

သီဟိုကျွန်းက တောကြီးတစ်တောထဲမှာ
ရဟန်းတစ်ပါးဟာ ၀ိပဿနာတရားကိုရှု
ပွား အားထုတ်နေတယ်။ ၀ိပဿနာနဲ့
အတူ အသုဘဘာဝနာကိုလည်း အချိန်
ပိုင်းနဲ့ ပွားများနေတယ်။ တစ်ရက်တော့
အရွယ်ကောင်း ရုပ်ချောအမျိုးသမီးတစ်
ယောက်ဟာ လင်နဲ့စိတ်ဆိုးပြီး မိဘအိမ်
ကိုဆင်းလာတယ်။ မိဘတွေရှိရာ ရွာ
ရောက်အောင် ဒီတောအုပ်ကြီးကိုဖြတ်ရ
သေးတယ်။

လူသူပင်းပြတ်တဲ့ တောအုပ်အလယ်ကို
ရောက်တဲ့အခါ အမျိုးသမီးနဲ့ရဟန်းပက်
ပင်းတွေ့ကြတယ်။ အရွယ်ကောင်းပြီး
ယောက်ျားပီသတဲ့ ရဟန်းကို တွေ့တဲ့
အခါ အမျိုးသမီးဟာ ဖောက်ပြန်လိုတဲ့
စိတ်တွေ ပေါ်လာတယ်။ ဒါကြောင့်
ရဟန်းကို မြူစွယ်လိုတဲ့ အနေနဲ့ ပြုံးပြ
လိုက်တယ်။

ဝိပဿနာကိုပွားများတဲ့ရဟန်းကိုတော့
ဝိညာဏက္ခန္ဓာက မလိမ်နိုင်တော့ဘူး။
ပြုံးပြတဲ့အမျိုးသမီးရဲ့ ဖြူဖွေးတဲ့သွား
တွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ ပွား
များနေကျ အဋ္ဌိကခေါ် အရိုးစုကမ္မဋ္ဌာန်း
ဟာ တန်းပေါ်လာပြီး အမျိုးသမီးလို့
မမြင်တော့ဘဲ အရိုးစုကြီးကိုဘဲမြင်
တော့တယ်။ ဒီတော့လောဘဟာဝင်
လို့ မရတော့ဘူး။

တစ်ဖန်ဝိပဿနာပေါ်ဆက်တင်တော့
မြင်ရတဲ့ အရာမှန်သမျှဟာ ပရမတ်ရုပ်
အဆင်းသာဖြစ်တယ်။ ပုဂ္ဂိုလ် သတ္တ၀ါ
မဟုတ်ဘူး။ ဒီအဆင်း ရုပ်ဟာလည်း
အမြဲဖြစ်ပျက်နေတဲ့ အနိစ္စတရားပဲ။
အဆင်းနဲ့ မျက်စိအကြည်ရုပ်တို့ တိုက်
ဆိုင်နေတုန်း ဖြစ်လာတဲ့ မြင်သိစိတ်
ဟာလည်း အမြဲတမ်း ဖြစ်ပျက်နေတဲ့
အနိစ္စ တရားပဲလို့လည်း ဉာဏ်နဲ့ သိ
လိုက်ရော အဲဒီအမျိုးသမီးရှေ့မှာတင်
လေးမဂ် လေးဖိုလ်ရပြီး ရဟန္တာ ဖြစ်
သွားတယ်။

အမျိုးသမီးလည်း မြူစွယ်လို့မရမှန်းသိ
တော့ သူ့လမ်းသူ ဆက်သွားတာပေါ့။
ခဏကြာတော့ အဲဒီ အမျိုးသမီးရဲ့
ယောက်ျား နောက်ကလိုက်လာတယ်။
ရဟန်းကိုတွေ့တော့မေးတယ်။ အမျိုး
သမီးတစ်ယောက်ဖြတ်သွားတာမမြင်
လိုက်ဘူးလားတဲ့။ ရဟန်းကဖြေတယ်။
အရိုးစုကြီးတစ်ခုဖြတ်သွားတာပဲမြင်
လိုက်တယ်တဲ့။

စကားတစ်ခွန်းရှိတယ်။
ဝမ်းမီးကောင်းသူတွေအတွက် စားသ
မျှဟာ အာဟာရဖြစ်သလို၊ ၀ိပဿနာ
သတိရှိနေသူအတွက် တွေ့သမျှကြား
သမျှဟာ ရှုပွားစရာတရားအာရုံချည်း
ပဲပေါ့။ ဒါကြောင့် ၀ိပဿနာရှုပွားလို
တဲ့သူအတွက် နေရာ၊ အချိန်၊ အာရုံ
ဘာမှရွေးစရာမလိုဘူးလို့ မှတ်ထားပေါ့။

မေတ္တာရှင် ရွှေပြည်သာ
လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ

0 comments:

Post a Comment