Friday, May 9, 2014

တရားမြင်မှ ဘုရားမြင်မည်

တရားမြင်မှ ဘုရားမြင်မည်

ယခု ဘုရားရှင်၏ သာသနာတွင်
ဝိပဿနာ၏ အခြေခံ ဖြစ်သော
နာမရှုပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယ
ပရိဂ္ဂဟဉာဏ်လောက်ကိုမှ အား
ထုတ်နာကြားခြင်းမပြုဘဲ နောက်
ပွင့်မည့် ဘုရားရှင်ကို ဖူးတွေ့ရ
အောင် ဆုတောင်းနေကြသူများ
အထူးသတိပြုသင့်သောအချက်
တစ်ချက်ရှိ၏။

ဝိပဿနာတရားအခြေခံကလေး
မှမရှိသောသူသည် ဘုရားရှင်ကို
မျက်စိရှေ့တွင်တွေ့မြင်နေရသော်
လည်း ဖူးမျှော်ကန်တော့ဖို့နေနေ
သာသာ ဘုရားရှင်မှန်းပင်မသိနိုင်
ချေ။ ဓမ္မစကြာတရားကိုဟောပေး
ချင်သဖြင့် သူတို့ထံလိုက်လာသော
ဘုရားရှင်ကို ပဉ္စ၀ဂ္ဂီငါးဦးသည်ရှိခိုး
ဖြင်းမပြုရန် နေရာထိုင်ခင်းမပေး
ကြရန် တိုင်ပင်ထားကြ၏။

ဤကား ဘုရားရှင်ကို တွေ့မြင်နေရ
သော်လည်း တရားမမြင်သောကြောင့်
ဘုရားရှင်မှန်းပင် မသိနိုင်ခြင်းဖြစ်၏။
ပက္ကုသာတိမင်းကြီးသည် ဘုရားရှင်နှင့်
အခန်းတစ်ခန်းတည်းတွင် တည်းခိုနေ
ရသော်လည်း သူဖူးတွေ့ချင်နေသော
ဘုရားရှင်မှန်း မသိခဲ့။ ဘုရားရှင်ဟော
ကြားသော ဓါတ်ခြောက်ပါးတရားကို
နာကြားရပြီး အနာဂါမ်တည်သောအခါ
မှပင် ဘုရားရှင်မှန်းသိရှာ၏။

ဘုရားဖြစ်ပြီးကာစ အချိန်က လမ်းတွင်
ဥပကကြီးနှင့်တွေ့၏။ ဥပက က မေး
သောကြောင့် မာရ်ငါးပါးကို အောင်မြင်
သော ဇိန ( ဘုရားရှင် ) ဖြစ်ကြောင်း
ပြောကြားသော်လည်း ဥပကကား စိတ်
ချလက်ချ ယုံကြည်ပုံ မရဘဲ ဇိနဆိုတာ
ဟုတ်လောက်ပါပေတယ်ဟု ပြောပြီးလမ်း
ခွဲသွားခဲ့၏။ ဤသည်လည်းတရားကိုမမြင်
သောကြောင့် ဘုရားကိုမမြင်ခြင်းပင်ဖြစ်
၏။

ထို့ကြောင့် ယခုဘုရားသာသနာမှာပင်
ဝိပဿနာတရားကို အခြေခံရအောင်နာ
ကြားအားထုတ်ထားသင့်၏။ သို့မှသာ
နောက်ပွင့်မည့် ဘုရားရှင်ကိုဖူးတွေ့ရ
သောအခါ ဘုရားရှင်မှန်းသိနိုင်မည်ဖြစ်
၏။ သို့မဟုတ်ပါက ဘုရားရှင်ကိုတွေ့
မြင်ရပါသော်လည်း ဘုရားမှန်းပင်သိနိုင်
မည်မဟုတ်ပေ။

ရွှေပြည်သာမြို့၊ မန္တလေးကျောင်းဆရာတော်။

မေတ္တာရှင်-ရွှေပြည်သာ
လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ

0 comments:

Post a Comment