Wednesday, May 7, 2014

တရားအားထုတ်တယ်၊ ရှုတယ်၊ မှတ်တယ်၊ ပွားတယ်၊ ကြည့်တယ်၊ သိတယ်လို့ သုံးနှုန်း ပြောဆိုတာတွေ၇ဲ့အဓိပ္ပါယ်ကွဲပြားချက်တွေ ကိုပြောပြပါ။

တရားအားထုတ်တယ်၊ ရှုတယ်၊ မှတ်တယ်၊
ပွားတယ်၊ ကြည့်တယ်၊ သိတယ်လို့ သုံးနှုန်း
ပြောဆိုတာတွေ၇ဲ့အဓိပ္ပါယ်ကွဲပြားချက်တွေ
ကိုပြောပြပါ။

ရှု၊ မှတ်၊ ပွားများ၊ ကြည့်၊ သိ၊ သုံးသပ်၊ အား
ထုတ်တယ် ဆိုတာတွေဟာ နာမည်သာကွဲ
သာ၊ အဓိပ္ပါယ်က အတူတူပါပဲ။ တရားအာရုံ
ကို ဂရုစိုက်နေတာလို့ပြောရင် နားလည်သ
ဘောပေါက်မှာပါ။

ဂရုစိုက်တယ်ဆိုတာ ဆရာသမားက တပည့်
တပန်းကို မိဘက သားသမီးကို ဂရုစိုက်ကြ
တယ်လို့ လောကအသုံးအနှုန်းရှိပါတယ်။

မိဘက သားသမီးကို မျက်စိအောက်က
အပျောက် မခံတာ၊ ကွယ်ရာ ရောက်နေရင်
လည်း စိတ်ကသားသမီးအာရုံကိုရောက်နေ
တာ။ အာရုံမပျောက်အောင် သတိရှိနေတာ၊
ကြည့်နေတာ။ သားသမီးတွေ ကောင်း -မ
ကောင်း၊ တော် မတော်ကြည့်နေတာ၊နားစွင့်
နေတာ၊ သားသမီးတွေတိုးတက်အောင်မြင်
အောင် အပြစ်ကင်းအောင် ဆောင်ရွက်ပေး
နေတာတွေဟာဂရုစိုက်တယ်ဆိုတဲ့အဓိပ္ပါယ်
ထဲမှာ ပါဝင်နေတယ်လို့သိနိုင်ပါတယ်။

ဂရုစိုက်တဲ့အခါ အာရုံကို အမှတ်ရတဲ့ သတိ၊
ကောင်း -မကောင်း ခွဲခြားသိတဲ့ ပညာ၊စောင့်
ရှောက်ဆောင်ရွက်တတ်တဲ့ လုံ့လ ၀ီရိယ၊ အာ
ရုံအပေါ်မှာစိတ်တည်နေတဲ့သမာဓိ အားလုံးပါ
ဝင်နေတယ်။

မိမိတို့ရဲ့စုတ်ပြဲနေတဲ့ အင်္ကျီ၊ လုံခြည်၊ အ၀တ်
အထည်တွေကို ဖာကြ၊ ထေးကြ၊ ချုပ်ဖူးကြပါ
တယ်။ ဒီအခါ အပ်နဖားပေါက်ထဲကို အပ်ချည်
ထည့်ဖို့ချိန်ဆပြီးတော့အပ်ချည်ဖွာနေရင်ကတ်
ကြေးနဲ့ကိုက်ဖြတ်။ ပါးစပ်နဲ့ တံတွေးဆွတ်ပြီး
ချွန်ပေးလို့ဝင်နိုင်အောင် လုပ်ပေးရတယ်။

အပ်ချည်သွင်းတော့မယ်ဆိုတော့အပ်နဖား
ကိုရော အပ်ချည်ဖျားကိုပါ ဂရုတစိုက်နဲ့ကြည့်
နေတယ်။ သတိရှိနေတယ်။ သွင်းလို့ဝင်မ၀င်
ခွဲခြားသိတဲ့ ဉာဏ်လည်းရှိတယ်။ အာရုံရောက်
နေတဲ့ စိတ်တည်ကြည်မှု သမာဓိလည်းရှိတယ်။
ထိုးသွင်းတဲ့ လုံ့လ၀ီရိယလည်းရှိတယ်။ အဲဒီ
လေးမျိုးရှိမှ အပ်ချည်သွင်းမှုအပေါ်ဂရုစိုက်
တယ်ခေါ်တယ်။

ဘယ်အလုပ်ကိုမဆို ဒီလေးမျိုးစုံမှ ဂရုစိုက်တယ်
ခေါ်ပါတယ်။

သမထအတွက် ကသိုဏ်းနိမိတ် ပညတ်
သမထအာရုံ၊ ၀ိပဿနာအတွက် ရုပ်နာမ်ပရမတ်
ဝိပဿနာအာရုံကို ဂရုစိုက်နေရတယ်။

အဲဒီလိုဂရုစိုက်နေနိုင်တာကို တရားအားထုတ်တယ်၊
ရှုတယ်၊ မှတ်တယ်၊ ပွားတယ်၊ ကြည့်တယ်၊ သိတယ်၊
သုံးသပ်တယ်လို့ နာမည်အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲထား
တာပါ။

သတိ၊ ၀ီရိယ၊ သမာဓိ၊ ပညာ ဒီတရားတွေမိမိစိတ်မှာ
ရှိနေဖို့ အရေးကြီးတာပါ။

ဓမ္မဒူတဆေကိန္ဒ
ဝိပဿနာအမေးအဖြေများ-

0 comments:

Post a Comment