နှာသီးဝမှာ တိုးတဲ့ရုပ်သဘောကို အေးအေး
ဆေးဆေးကြည့်နေနိုင်ပါတယ်။ ဒါပေမယ့်
ပျောက်ပျောက်သွားပါတယ်။ ဘာကိုဆက်
ရှုရမလဲ ။
နှာသီးဝမှာ တိုးတဲ့ရုပ်ကို အေးအေးဆေးဆေး
ရှုနိုင်တယ်ဆိုတာ ထိုက်သင့်တဲ့ သတိသမာဓိ
တွေ ရှိနေလို့ပါ။ ထွက်လေ၀င်လေ အာနာပါန
ကမ္မဋ္ဌာန်းရုပ်အာရုံတရားဟာ ဓမ္မသဘာဝကို
က သတိသမာဓိတွေ ကောင်းလာလေလေ
ပျောက်သလိုဖြစ်လာလေလေ နောက်ဆုံး
ကွယ်ပျောက်သွားတဲ့အထိ ဖြစ်တတ်တယ်။
တခြားကမ္မဋ္ဌာန်းတွေကတော့ သတိသမာဓိ
တွေ ကောင်းလေလေ အာရုံထင်ရှားလေလေ
ပါ။ သဘာဝချင်းကွာတယ်။
ရုပ်တရားနှင့် နာမ်တရားမှာ ရုပ်ကကြမ်းတမ်း
တယ်။ ထင်ရှားတယ်။ နာမ်ကသိမ်မွေ့တယ်။
နူးညံ့တယ်။ မထင်ရှားဘူး။ ရုပ်ကိုမြင်နိုင်တဲ့
သတိနဲ့ နာမကိုမြင်နိုင်တဲ့ သတိလည်း အား
အစွမ်းချင်း ကွာခြားတာပေါ့။
အလုပ်ကြမ်းသမားတွေက ထမင်းကြမ်းကိုသုံး
ဇလုံ လေးဇလုံစားရမှ အားရကျေနပ်တယ်။
နူးညံ့သိမ်မွေ့သူတွေက ဆန်ပျော့နဲ့ချက်တဲ့
ထမင်းနုနုကို စားရမှသဘောကျတယ်။ စား
လည်း တစ်ပန်းကန်လောက်နဲ့ပြီးတာပါပဲ။
အဲဒီလိုပဲ ရုပ်တရားကို ကြည့်နေတဲ့ သတိ
သမာဓိတွေဟာ တဖြည်းဖြည်းနဲ့ အားကောင်း
လာတော့ နာမ်သဘောကိုပဲ လှမ်းကြည့်လိုက်
တော့တယ်။ ဒီတော့ ရုပ်အာရုံဟာ မရှိတော့
ဘူး။ ပျောက်သွားတယ်လို့ ယူဆလိုက်ကြတယ်။
စ စချင်း နာမ်တရားကိုတွေ့လိုက်ပေမယ့်ရုပ်
အာရုံကိုပဲ ကြည့်မယ်ဆိုတဲ့အသိကြောင့် ဟယ်
ဘာမှမရှိတော့ပါလား ရုပ်လည်းပျောက်သွားပြီ
လို့ အံ့သြမှုစိတ် ဖြစ်လာတယ်။ ကိလေသာဝင်
သွားတယ် ခေါ်တာပေါ့။ နာမ်တရားက အာရုံ
ထင်ရှားပေမယ့် ကိလေသာဝင်လိုက်တဲ့အတွက်
သတိ သမာဓိတွေ အားလျော့ပြီး အရှုခံနဲ့အရှု
ဉာဏ်လွတ်ထွက်သွားတယ်။
တကယ်ဆက်ပြီး ရှုရမှာက ရုပ်သဘော မရှိတာ
ကို သိနေတဲ့ နာမ်သဘော ဒီအာရုံနာမ်သဘော
ကိုပဲ ထပ်ခါထပ်ခါ ခဏတိုင်း ခဏတိုင်း သတိ
ကပ်ပြီး ဆက်ရှုနေရတယ်။ ဒါပေမယ့် ရုပ်ရဲ့တိုး
တဲ့ သဘောကိုပဲ ရှုရမှာလို့ အထင်နဲ့ပြန်ပြီးရှာနေ
တတ်ကြတယ်။ မတွေ့ရင်မှားတယ်လို့ ယူဆပြီး
မတိုး တိုးအောင် မထင်ရှား ထင်ရှားအောင် လုပ်
ယူတတ်ကြတယ်။ လုပ်ယူတာဟာ အမှားဆုံးပဲ။
ရုပ်ကိုမြင်တဲ့ သမာဓိဉာဏ်ထက်နာမ်ကိုမြင်တဲ့
သတိသမာဓိဉာဏ်က အဆင့်မြင့်တယ်။ ပိုပြီး
သတ္တိကောင်းတယ်။ နာမ်သဘောကိုတွေ့မိပါ
လျက် မရှုတတ်ဖြစ်ဖြစ် ရုပ်ကိုပဲရှုရမယ်ထင်လို့
ဖြစ်ဖြစ် ရုပ်ကိုပြန်ရှာရင် တက္ကသိုလ်ဘွဲ့ ရပြီးမှ
ဆယ်တန်းပြန်ဖြေသလို ဖြစ်နေတာပေါ့။
ထင်ရှားတဲ့ နာမ်သဘောကို သတိသမာဓိနဲ့ကပ်
ပြီး သိအောင် ကြိုးစားစမ်းပါ။
ထင်ရှားတဲ့ သဘောကိုကြည့်နေနိုင်မှ ၀ိပဿနာ
ဖြစ်မယ်။
ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာသင်တန်း အမေးအဖြေများ ၁
0 comments:
Post a Comment