Wednesday, May 7, 2014

ရတနာရဲ့မူရင်းအဓိပ္ပါယ်က ဘာကိုဆိုလိုတာလဲ

ရတနာရဲ့မူရင်းအဓိပ္ပါယ်က ဘာကိုဆိုလိုတာလဲ

မိမိတို့၏စိတ်၌ အလေးအမြတ်ပြုအပ်ခြင်း၊ တန်ဖိုး
အနဂ္ဃထိုက်ခြင်း၊ အတုမဲ့ဖြစ်ခြင်း၊ တွေ့ရကြုံရဖို့ခဲ
ယဉ်းခြင်း၊ လူတော် လူကောင်း မြင့်မြတ်သူတို့၏
သုံးဆောင်ရာ ဖြစ်ခြင်းကြောင့် ရတနာဟု ခေါ်
သည်။

ထို့အပြင်စိတ်နှလုံးကိုမွေ့လျော်စေခြင်း၊ နှစ်သက်
မြတ်နိုးခြင်း၊ စိတ်နှလုံးကိုချမ်းသာစေခြင်း၊ နှစ်သက်
လိုလားစေခြင်းစသည်တို့ကြောင့်လည်း ရတနာဟု
ခေါ်ရသည်။ ထိုရတနာသည်လည်း လောကီရတနာ
နှင့် လောကုတ္တရာရတနာဟူ၍ နှစ်မျိုးရှိသည်။

လောကီရတနာတို့သည် နီလာ၊ စိန်၊ ကြောင်မျက်ရွဲ၊
ပတ္တမြား၊ မြ၊ ဂေါ်မုတ်၊ ဥဿဖရား၊ သန္တာ၊ ပုလဲ
စသည့် န၀ရတ်ကိုးသွယ်ရတနာတို့ပင်ဖြစ်ကြသည်။
အဆိုပါ ကျောက်မျက်တို့သည် ရှားပါးသလောက်
တန်ဖိုးကြီးမားလှသည့်အတွက်လူတို့သည်နှစ်သက်
မက်မောကြသည်။ ထို့ကြောင့်လောကီရတနာဟု
ခေါ်ခြင်းဖြစ်သည်။

ဘုရား တရား သံဃာတို့သည်လည်း ကြည်ညိုကိုး
ကွယ်ဆည်းကပ်အားထားသူတို့၏ နှစ်သက်မှုကို
ဖြစ်စေတတ်သောကြောင့် ရတနာဟုခေါ်သည်။
ထိုရတနာကား လောကုတ္တရာ ရတနာများဖြစ်ကြ
သည်။

ထိုဘုရား တရား သံဃာဟူသည့် လောကုတ္တရာ
ရတနာမြတ်သုံးပါးသည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့
ပြည် နဂါးပြည် ဂဠုန်ပြည်တို့တွင်ရှိသော ရတနာ
တို့ထက် အဆရာထောင် ပိုပြီး မြင့်မြတ်သည့်အ
ကြောင်း ရတနသုတ်တော်တွင် ဘုရားရှင်ဟော
ကြားတော်မူခဲ့သည်။

သိသင့်သိထိုက်သည့် တရားအလုံးစုံတို့ကို ကိုယ်
တော်တိုင်သာလျှင် သိမြင်တော်မူသည့် သဗ္ဗညုတ
ဉာဏ်ရှင် ဂေါတမဘုရားရှင်သည် ဘုရားရတနာဖြစ်
ပြီး သီလ၊ သမာဓိ၊ ပညာ၊ ဗောဓိပက္ခိယတရား၊
ဗောဇ္ဈင်တရား၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်
ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ်၊ အင်္ဂါကိုးတန်၊
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ပရိယတ်
တရားတို့ကို တရားရတနာဟုခေါ်သည်။

မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးယောက်၊ ဖလဋ္ဌာန်ပုဂ္ဂိုလ်လေး
ယောက် ရှစ်ယောက်သံဃာ အရိယာနှင့်ကလျာဏ
ပုထုဇဉ် သမ္မုတိ သံဃာတော် အပေါင်းကို သံဃာ
ရတနာဟုခေါ်သည်။ဤသည်မှာရတနာ၏အဓိပ္ပါယ်
နှင့် ရတနာမြတ်သုံးပါးတို့ကို အကျဉ်းမျှဖော်ပြခြင်း
သာဖြစ်ပါသည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် - ၁၀၀

0 comments:

Post a Comment