Tuesday, May 26, 2015

သံသရာထွက်လမ်းအစ။



သံသရာထွက်လမ်းအစ။
=======================
ဘ၀သံသရာ ခရီးကို လျှောက်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်၊ အပါယ်လေး
ဘုံမှ လွတ်မြောက်ရာလမ်းစဉ်မှန်သို့ ရောက်ရန်အလွန်အရေးကြီးပါသည်။ လူ့ရဲ့သဘာဝအရ အပေါင်း
အသင်း၊ အဖေါ်ပြုမှုတွေဖြင့် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် အကျိုးပြုပြီးတော့ နေကြပါသည်။ သူ
တော်ကောင်းတို့သည် မိမိတို့၌ သားမယား၊ လင်သား၊ စပါးဆန်ရေ၊ ရွှေငွေ၊ ဆင်မြင်း၊ တိုက်တာခြံမြေ
တို့ကို မပစ်မစွန့်ရဘဲ၊ ကာမဂုဏ် စည်းစိမ်ကြီးပေါ်က စံစား၍ နိဗ္ဗာန်သို့ သွားနိုင်သော အနာထပိန်၊
ဝိသာခါတို့လို သောတာပန်ဖြစ်ခြင်း လမ်းကြောင်းမှန်ကို သိဖို့လိုပါသည်။
အခါတစ်ပါးမှာ ဥဂ္ဂသေန သူဌေးက ဘုန်းတော်ကြီး မြတ်စွာဘုရားကို မေးလျှောက်ထား၏။
တပည့်တော်၏ မယားသည် တပည့်တော် ခရီးထွက်သွားလျှင် တပည့်တော် လာမည့်လမ်းကို တမ်းတ
၍ ထမင်းမစား၊ ဟင်းမစားဘဲ လေသာပြူတင်းက တပည့်တော်ပြန်လာမည့်လမ်းကိုကြည့်ပြီး မျှော်တ
၍သာ နေပါ၏။ လင်၏၀တ္တရားကိုလည်း ကျေပွန်ပါ၏။ သို့အတွက် လင်ကိုချစ်သော မယားကိုလည်း
တပည့်တော် မစွန့်ပစ်နိုင်ပါ။ ကျေးကျွန်၊ ဆင်မြင်း၊ ကျွဲနွား၊ ရွှေငွေ၊ ရတနာတို့ကိုလည်း မစွန့်ပစ်နိုင်ပါ။
ရဟန်းလည်း မပြုနိုင်ပါ။ ဆင်းရဲသော ဘ၀နှင့် အပါယ်လေးပါးကိုလည်း ဘယ်အခါမှ မကျမရောက်လို
ပါ။ လောကီစည်းစိမ်ကို ခံစား၊ စံစားလျက် ကာမဂုဏ်ကို လက်မလွတ်ဘဲ နိဗ္ဗာန်ကို ရောက်လိုပါသည်
ဟု လျှောက်ထားလေ၏။
ထိုအခါ ဘုန်းတော်ကြီးမြတ်စွာဘုရားက ကာမဂုဏ်တန်းလန်းနှင့် (အိမ်ရာထောင်သောသူ)
အာဂါရပုဂ္ဂိုလ်များ နိဗ္ဗာန်ကိုသွားသော သောတာပန်လမ်း၊ ဘုံစဉ်စံလမ်းကို ဟောပြတော်မူပေသည်။
ဤသောတာပန် ဘုံစဉ်စံလမ်းမှန်သည် ရှေးဦးစွာ ဉာတပရိညာစခန်းတည်းဟူသော ရုပ်၊ နာမ်၊ ခန္ဓာ၊
ပဋိစ္စသမုပ္ပာဒ်၊ ဓာတ် သစ္စာတရားတို့ကို သင်ကြားတတ်မြောက်ပြီး အိမ်ထောင်သားမွေးကိစ္စ၊ ကာမ
ဂုဏ်ကို လက်မလွတ်ဘဲ ဤရုပ်ကောင်၊ နာမ်ကောင်၊ ခန္ဓာကောင်၊ ပဋိစ္စ သမုပ္ပာဒ်ကောင်သာ ရှိသည်
ဟု ထင်အောင်၊ မြင်အောင်၊ မိမိခန္ဓာပေါ်မှာ နေရင်းထိုင်ရင်း ကာမဂုဏ်ပျော်ပါးရင်း ရှုကြည့်၍ ပုဂ္ဂိုလ်
သတ္တ၀ါ၊ ငါ၊ သူတစ်ပါးကောင် ပျောက်ပြီး ဓာတ်ကောင်၊ ရုပ်နာမ်ကောင်မှန်း သိသည်ကိုပင် အတ္တ
ပျောက်၍ အနတ္တပေါက်သူ သောတာပန်ဖြစ်သူဟု ခေါ်ဆိုသဖြင့် ပရမတ် ဓာတ်တရားကို သိကာမျှနှင့်
သောတာပန်ဖြစ်နိုင်သည်ဟု ဟောပြတော်မူပါသည်။
သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါးရှိပါသည်။ (သုတ်ပါထေယျ ပါဠိတော်) ၁။ ရုပ်နာမ်ခန္ဓာ 
ဓာတ်သစ္စာတို့၌ ကျွမ်းကျင်လိမ္မာသော သူတော်ကောင်းတို့နှင့် ပေါင်းဖေါ်ရခြင်း။ ၂။ ရုပ်နာမ်ခန္ဓာ
ဓာတ်သစ္စာတို့နှင့်စပ်သော တရားစကားကို ကြားနာ၊ မှတ်သား၊ နာခံ၊ သင်ကြားရခြင်း။ ၃။ ရုပ်ဓာတ်
နာမ်ဓာတ်၊ ခန္ဓာဓာတ်၊ ပရမတ်တရားတို့ကို မြင်အောင်၊ ထင်အောင်၊ အသင့်အတင့် နှလုံးသွင်းရခြင်း။
၎။ မဂ်ဉာဏ်၊ ဖိုဉာဏ် နိဗ္ဗာန်တရားတို့ကို ရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဌိကို ပယ်ရခြင်းတို့
ဖြစ်ကြပါတယ်။ ဤအင်္ဂါလေးပါးအနက် တစ်းပါး ပါးပျက်ကွက်ပါက မရနိုင်ပါ။ 
တရားနာရင်း သောတာပန်ဖြစ်သည်။ ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ပဋိစ္စသမုပ္ပာဒ် တရားတို့ကို 
သင်ကြားလေ့လာ မှတ်သားရင်း သောတာပန်ဖြစ်သည်။ ၀ိပဿနာကိုပွားများလျှင် သကဒါဂါမ်၊ အနာ
ဂါမ်၊ ရဟန္တာ စသည့် အထက်မဂ် တစ်ပါး ပါး၌တည်သည်၊ မဖြစ်လျှင် ပုထုဇဉ်အတိုင်း နေသည်။ သော
တာပတ္တိမဂ်သည် အောက်မဂ်ဖြစ်၍ “ဒိဌိ”သတ်ဖြစ်သည်။ အထက်မဂ် သုံးပါးသည် “တဏှာ”သတ်ဖြစ်
သည်။ သောတာပန်ဆိုသော အောက်မဂ်တရားသည် မိမိ၌ အယူမှား၊ အမှတ်မှား၊ အမြင်မှား၊ အထင်
မှားပျောက်လျှင် စင်ကြယ်လျှင်ပြီးသည်။ ဤခန္ဓာကြီးကို ငါကောင် အမှတ်ပျောက်၍ ဓာတ်ကောင်ဟု
မှတ်ယူမှု မျှသာရှိသေးသည်။ ငါ့ကိုယ်၊ ငါ့ခန္ဓာ၊ ငါ့ဥစ္စာဟု သာယာတွယ်တာ ကပ်ငြိမှု တဏှာတန်း
လန်းပင် ရှိသေးသည်။
သောတာပန် ပုဂ္ဂိုလ်မျိုးတို့သည် ကျင့်လမ်းစဉ်မှန်ကို သိရုံရှိသေးသည်။ တစ်ထောင့်ငါးရာ
ကိလေသာတွင် “ဒိဌိကိလေသာ”တစ်ခုကိုသာ ပယ်သေးသည်။ တစ်ထောင့်လေးရာ ကိုးဆယ့်ကိုးခု
ကိလေသာ ကျန်သေးသည်။ ၀ိပဿနာ တရားကို မကျင့်ဘဲလျက် ကာမဂုဏ်ကို အားကြီးစွာ ပျော်ပါး
လိုက်စားနေသော သောတာပန်သည် ခုနှစ်ဘ၀နှင့် နိဗ္ဗာန်ကို ရောက်မည်။ သောတာပန်သည်
ရန်ကုန်မှ မန္တလေးသို့ ခရီးသွားရန် ကားလက်မှတ် ၀ယ်ပြီးစိတ်ချလက်ချ ကားစီးလိုက်သွားသောသူနှင့်
တူသည်။ အလိုရှိရာ မန္တလေးသို့ ထိုင်လိုက်၊ အိပ်လိုက်၊ စားလိုက်နှင့်ပင် ရောက်ရှိသွားပါမည်။ တရားမ
ကျင့်ဘဲ နေတာနဲ့တူပါသည်။ ကျင့်လျှင် စောစီးစွာ နိဗ္ဗာန်ကို ရောက်နိုင်မည်။ 
ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်လည်း အပါယ်လေးဘုံမှ လွတ်မြောက်ရာ လမ်းစဉ်မှန်
ကို သိရှိကြပြီး ဘ၀သံသရာ ခရီးကို သက်တောင့်သက်သာဖြင့် နိဗ္ဗာန်ဆီသို့ လျှောက်လှမ်းနိုင်တဲ့
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ ကုန်သတည်း။
{ဓမ္မစေတီ ဆရာတော်၏ သောတာပန်လမ်း-အလင်းကျမ်းကို ကိုးကားရေးသားပူဇော်ပါသည်။}

0 comments:

Post a Comment