Wednesday, May 6, 2015

အလကားရလေ ခံရလေ



အလကားရလေ ခံရလေ
=================
လူတွေအတွက်ဆိုရင်တော့...အများကောင်းကျိုးပြု လူမူရေး ပရဟိတအလုပ်.သာသနာရေး ပရဟိတအလုပ်တွေလုပ်နေရာမှာ အများအကျိုး။သာသနာအကျိုးကိုရှေ့မရှုဘဲ ကိုယ့်အကျိုးကိုရှေ့ရှုတဲ့ပုဂ္ဂိုလ်။ပရဟိတအလုပ်ကိုဗန်းပြပြီး ကိုယ်ကျိုး ကိုယ့်စီးပွား အမြတ်ထုတ်တဲံပုဂ္ဂိုလ်ဟာသန္တပုဂ္ဂိုလ်-သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်။ဘုရားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ပါပဲ။။
တကယ်တောအလကားရတဲ့ ပစ္စည်းဆိုတာအဆိတ်ထက်ပိုကြောက်စရာကောင်းပါတယ်။။အလကားရလေတာဝန်ပိုကြီးလေ။အလကာရလေအပစ်ပိုကြီးလေပါ။။
တချို့ကဘုန်းကြိးတွေပဲအေးတယ်။သူများလှူးတာလေအဆင်သင်စားရုံပဲ'လိုအလွယ်တကူးပြောလေ့ရှိကြပါတယ်။။သူများကျွေးတာ အလကားစားနေရတာဟာ ကိုယ့်လုပ်စာနဲကိုယ်စားနေရတာထက် တာဝန်ပိုကြိး။တာဝန်မကျေရင်အပြစ်လည်းပိုကြိးပါတယ်။။
တာဝန်မကျေဘဲသူများလှူတာ အလကား စားရတာက ဘဝပေါင်းစွာ အကြိမ်ကြိမ် သေမယ် အလကားစားခဲံရတာနဲ့မကာမိလောက်အောင်ကို ဆင်းရဲဒုက္ခတွေ အမျိုးမျိုး ပြန်ပေးဆပ်ပြီး "သေပြီဆရာ သေပြိဆရာ'နဲံဘဝပေါင်းများစွာ အော်ဟစ်ညည်းတွားရမယ်။။
ဒီလိုပါပဲကိုရဲအသက်မွေဝမ်းကျောင်းအလုပ်ကိုမတော်မတရားလုပ် လုပ်တဲသူတွေ။အများအကျိုးဗန်ပြပြီး ကိုယ့်အကျိုး အမြတ်ထုတ်တဲ့သူတွေဟာလည်း သူတစ်ပါးပစ္စည်ကိုအလကားနေတာမို့ "အလကားရလေခံရလေ' ရခဲတာနဲမကာမိအောင်ကို ဆင်းရဲဒုက္ခတွေ အကြီးအကျယ် ခံကြရပါလိမ့်မယ်။။'ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ရင်ကိုယ်ခံ"ပေါ။။
အရာရာတိုင်း တန်ရာတန်ကြေးဆိုတာရှိပါတယ်။။အကျိုးတရားတစ်ခုကိုတန်ရာတန်ကြေး ပေးပြိးမှယူရင် နောက်ထပ်ဘာမှ ထပ်ပေးစရာမလို့တောပါဘူး။တန်ရာတန်ကြေမပေးဘဲအလကားယူရင်တော
နောက်ထပ်တန်ရာတန်ကြေးတွေတနင့်တပိုးထပ်ပေးရပါလိမ့်ဦးမယ်။။
ဒါကြောင့်...မဟုတ်တာလုပ်ပြိးအလကား မယူလိုက်ပါနဲ့။။မဆိုင်တာလုပ်ပြိးလဲအလကားမယူလိုက်ပါနဲ့။။ဟုတ်တာဘဲလုပ်။ဆိုင်တာပဲ လုပ်ပြီး ပိုင်တာလေး။ထိုက်တာလေးနဲ့ ပဲကျေနပ်လိုက်ပါ..လို့..။
အသန္တပုဂ္ဂိုလ်ရဲ့ အရည်ချင်းတွေကို ပြောင်းပြန် လှန်လိုက်ရင်တော့ သန္တပုဂ္ဂုလ်ရဲ့ အရည်အချင်းတွေ ဖြစ်လာပါတယ်။။
သန္တပုဂ္ဂိုလ်ဆိုတာ ပစ္စုပ္ဖန်တစ်ဘဝတည်းပဲမကြည်ဘူး။။သံသရာထိအယေးကို မျော်ကြည့်။။မျက်မွေးတဆုံးမကြည်ဘူး။မျက်စီတဆုံးကြည်တယ်။။
နောက်လောကီစည်စိမ်းလောက်ပဲ အလေးမထားဘူး။။တရားဓမ္မကိုလဲအလေးနက်ထားတယ်။နှစ်ဖက်မြင်မျက်စိရှိတယ်။။
နောက်-အသက်မေါးဝမ်းကျောင်း ချောင်လည်ချင်လို့ ရဟန်ပြုတာမျိုး မဟုတ်ဘူး။။သံသရာဝဏ်ဆင်းရဲကလွတ်မြောက်ချင်လို့ရဟန်းပြုတာ။။ကိုယ်ကျိုးအမြတ်ထုတ်ဆို့ပရဟိတအလုပ်တွေလုပ်နေတာမဟုတ်ဘူး။။အများကောင်းကျိုးအတွတ် မေတ္တာစေတနာ သန့်သန့်နဲ့ လုပ်နေတာ။။အဲဒါဆိုသန္တပုဂ္ဂိုလ်-ဘုရားနဲံနီးတဲံပုဂ္ဂိုလ်။။
ဘုရားနဲအနေဝေးပေမယ့် အဝေးနေ မဟုတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြီုစားအားထုတ်နိုင်ကြပါစေ။။
အရှင်ဆန္ဒဓိက(ရွှေပါရမိတောရ)

0 comments:

Post a Comment