ဒါရုက္ခန္ဓောပမသုတ် (သစ်တုံးတရားတော်)
အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားဟာ ကောသမ္ဗီပြည်၊ ဂင်္ဂါမြစ်နားမှာ သီတင်းသုံးနေခိုက် ဂင်္ဂါမြစ် ရေ အယဉ်နဲ့  သစ်တုံးကြီးတစ်တုံး မျောပါလာတာကို ဂေါတမမြတ်စွာဘုရားက မြင်တော်မူပြီး... “ရဟန်းတို့  မျော လာတဲ့သစ်တုံးကြီးကို သင်တို့ မြင်တယ်မဟုတ်လား” လို့  မေးတော့ မြင်ပါကြောင်း ရဟန်းတွေက ဖြေကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက...
“ရဟန်းတို့  အကယ်၍ သစ်တုံးကြီး ဒီဘက်ကမ်းကိုလည်း မကပ်ဘူး၊ ဟိုဘက်ကမ်းကိုလည်း မကပ်ဘူး ၊ မြစ်အလယ်မှာလည်း နစ်မြုပ်မသွားဘူး၊ သောင်ပေါ်ကိုလည်း မတင်ဘူး၊ လူကလည်း ဆယ်မယူဘူး၊ နတ်ကလည်း ဆယ်မယူဘူး၊ ၀ဲလည်းစုပ်ယူမသွားဘူ၊ အတွင်းကလည်း မဆွေးမပုပ်ဘူးဆိုလျှင်... ပင်လယ် သမုဒ္ဒရာထဲကို ရောက်သွားမယ်၊ ဘာကြောင့်လဲဆိုရင်...ဂင်္ဂါမြ
“ရဟန်းတို့ ... ဒီသစ်တုံးကြီး ဥပမာအတိုင်း သင်တို့ ဟာလည်း ဒီဘက်ကမ်းလည်း မကပ်၊ ဟိုဘက်ကမ်း လည်းမကပ်၊ အလယ်မှာလည်း မနစ်မမြုပ်၊ သောင်ပေါ်လည်းမတင်၊ လူလည်းအဆယ်ယူမခံရ၊ နတ်လည်း အဆယ်ယူမခံရ၊ ၀ဲလည်းအစုပ်မခံရ၊ အတွင်းမှာလည်း မဆွေးမပုပ်ဘူးဆိုရင်ဖြင့် သင်တို့ ဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းသက်ရှိုင်း ရောက်ရှိသွားမယ်။ ဘာကြောင့်လဲဆိုရင်...သမ္မာဒိ
“အရှင်ဘုရား....ဒီဘက်ကမ်းဆိ
အလယ်မှာ နစ်မြုပ်တာ...သောင်ပေါ်တင်နေ
★“လူမှာရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတာတွေကို ဒီဘက်ကမ်းလို့ ဆိုလိုတယ်။ အဲဒီ မျက်စိအစရှိတာတွေကို နှစ်သက်စွဲလန်းနေရင်...ဒါ ဒီဘက်ကမ်းကို ကပ်တာ။ အဲဒီမျက်စိစတဲ့ ဒီဘက်ကမ်းကို ထိလာတဲ့ အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့ အထိ၊ အတွေးတွေက ဟိုဘက်ကမ်း။ ဟိုဘက်ကမ်းကို ကပ်တယ်ဆိုတာ... အဲဒီ အဆင်းအသံ အစရှိတာတွေကို တပ်မက် ကပ်ငြိသာယာနေရင်... ဒါ ဟိုဘက် ကမ်းကို ကပ်တာ...
★အလယ်မှာ မြုပ်တယ်ဆိုတာက တဏှာ အနှောင်အဖွဲ့ တွေထဲ နစ်မြုပ်နေတာကို ဆိုလိုတာ၊ ချစ်သူခင် သူတွေကို တပ်မက်ချစ်ခင်တဲ့ တဏှာ၊ ရာထူးဂုဏ်၊ စည်းစိမ်ဥစ္စာ၊ သားမယားစသည်တွေကို တွယ်တာ တပ်မက်နေတဲ့ တဏှာဟာ လူပုဂ္ဂိုလ်ကို အဲဒီတပ်မက်ရာ ၀တ္ထု၊ အာရုံတွေထဲမှာ ခေါင်းမဖော် နိုင်အောင် နှစ်မြှုပ်ပေးနေတယ်။ ရေအောက်မှာ မြုပ်သွားတဲ့ သစ်တုံးကြီးကို ရွှံ့ တွေ၊ သဲတွေ အထပ်ထပ်ဖုံးတဲ့ အခါ ရေပေါ် ပြန်မပေါ်နိုင်လောက်အောင် ဖြစ်သွားသလို တဏှာကလည်း လူကို တပ်မက်မှု အနှောင် အဖွဲ့ တွေထဲက ပြန်မတက်နိုင်အောင် နှစ်မြှုပ်ထားတာ...
★သောင်တင်တယ်ဆိုတာက ထောင်လွှားမှုမာနကိုဆိုလိုတာ၊
★လူဆယ်ယူတယ်ဆိုတာကတော့ လူတွေနဲ့ ဆက်ဆံရောနှောပြီး နေရတာနှစ်သက်နေခြင်းမျိုးကိ
★နတ်ဆယ်ယူတယ်ဆိုတာက လူ့ ဘ၀ထက်သာတယ်လို့ ထင်တဲ့ နတ်ဘ၀၊ နတ်အဖြစ်မျိုးကို တောင့်တပြီး၊ အဲဒီဘ၀မျိုးကိုရဖို့  လုပ်ဆောင်မှုမျိုးမှာ နှစ်သက်ငြိတွယ် နေတာမျိုးကို ဆိုလိုတာ။
★၀ဲစုပ်ယူတယ်ဆိုတာက ကာမဂုဏ်(၅)ပါးရဲ့  ဆွဲဆောင်ယူငင်ရာကို လူသတ္တ၀ါက လိုက်ပါနေရတာကို ဆိုလိုတာ၊ ဒီကာမဂုဏ်ထဲမှာပဲ တ၀ဲဝဲလည်နဲ့ မထွက်နိုင်တော့တာ...
★အတွင်းကဆွေးနေတယ်၊ ပုပ်တယ်ဆိုတာကတော့ အကျင့်သီလမရှိတာ၊ အကျင့်ပျက်တာကို ဆိုလိုတာ .....သစ်တုံးကြီးဆွေးပုပ်သွ
ဂေါတမမြတ်စွာဘုရားနဲ့  ရဟန်းတော်အရှင်သူမြတ်တို့ ကတော့ ဒီဘက်ကမ်း ဟိုဘက်ကမ်း...ဘယ်ကမ်းကိုမှ မကပ်မငြိ၊ အလယ်မှာလည်း မနစ်ကြ မမြုပ်ကြ၊ ဘယ်သောင်ပေါ်ကိုမှလည်း မတင်ခဲ့ကြ၊ ဘယ်လူ ဘယ်နတ် ရဲ့  အဆယ်အယူကိုလည်း မခံခဲ့ကြ၊ ၀ဲစုပ်ခံရခြင်းလည်း မရှိ၊ ယိုင်နဲ့  ဆွေးမြေ့ခြင်းဆိုတာလည်း သူတို့ မှာ မရှိကြ၊ နိဗ္ဗာန်ပင်လယ် သမုဒ္ဒရာကြီးဆီကို ကောင်းစွာရောက်သွားခဲ့ကြတယ်
အထက်ပါ ပင်လယ်သမုဒ္ဒရာကြီးဆီကို ကောင်းစွာ ထွက်သွားနိုင်တဲ့လမ်းကို ဖော်ပြတဲ့ တရားဓမ္မကို နာပြီး ပြန်လာတဲ့မိတ်ဆွေက..“ရှက်ရှ
0 comments:
Post a Comment