Friday, May 8, 2015

" ဘဝအ မှောင် ကိုဓမ္မအလင်းရောင်ဖြင့်ဖယ် ရှားခြင်း "



" ဘဝအ မှောင် ကိုဓမ္မအလင်းရောင်ဖြင့်ဖယ် ရှားခြင်း "
==================================
အဲဒီသွားရင်းလာရင်းနေရင်းထိုင် ရင်း လျောင်းရင်းဆိုတာက တော့လွယ်လွယ် ကူကူပြောလိုက်တာပါ။ ပါဠိတော်မှာစရသုတ္တန်ဆိုတဲ့အတိုင်း စရနဲ့စတာ။ စရတော သွားနေစဉ်။တိဋ္ဌတော ရပ်နေစဉ် နိသိန္နဿ ထိုင်နေစဉ်။ သာယာနဿ လျောင်းနေစဉ်။ မြန်မာပြန်မှာ သွားနေစဉ် ရပ်နေစဉ် ထိုင်နေစဉ် လျောင်းနေစဉ်လို့ပါပါတယ်။ 
အဲဒီ"နေစဉ်"ဆိုတာတွေကိုကြည့်ပြီးတော့တရားအားထုတ်တာကိုဘဲနေစဉ်တရားအားထုတ် တယ်လို့ခေါ်ပါတယ်။ တရားအားထုတ်တဲ့နေရာမှာ"နေ့စဉ်" အားထုတ် တာရယ် "နေစဉ်"တရားအားထုတ်တာရယ်နှစ်မျိုး ရှိပါတယ်။
နေ့စဉ်အားထုတ်တယ်ဆိုတာက တစ်နေ့ ကို ဆယ့်ငါး မိနစ် နာရီဝက် တစ်နာရီလောက်အချိန် သတ်မှတ် ပြီးတော့တရားအားထုတ်တယ်။ အဲဒီသတ်မှတ်ထားတဲ့ တရားထိုင် ချိန်ဖြုတ်လိုက်နဲ့တပြိုင် နက်တည်းကိုယ်နဲ့တရားနဲ့ဘာမှမဆိုင်တော့ဘူး။ တရားကိုနှလုံးမသွင်းတော့ဘူး။ မရှုမှတ်တော့ဘူ။ အဲဒီပုဂ္ဂိုလ်မျိုးကိုနေ့စဉ်အားထုတ်နည်းနဲ့တရား အားထုတ်တယ်လို့ခေါ်ပါတယ်။ နေစဉ်ကိုတော့ အားမထုတ်ဘူးပေါ့။
နေစဉ်ဆိုတာက သွားနေစဉ် ရပ်နေစဉ် ထိုင်နေစဉ် လျောင်းနေစဉ် ကွေးနေစဉ် ဆန့်နေစဉ် စားနေစဉ် သောက်နေစဉ် စကားပြောနေစဉ် ဆိတ်ဆိတ်နေစဉ် စသဖြင့် ရုပ်အမူအရာတွေကို ရှုမှတ်တာပေါ့။ နာမ်နဲ့ပါတ်သက် ရင် လဲ ဒီအတိုင်းပါဘဲ လောဘဖြစ်နေစဉ် ဒေါသဖြစ် နေစဉ် လိုချင်နေစဉ် တက်မက်နေစဉ် စိတ်ဆိုးနေစဉ် ဘဝင်မြင့်နေစဉ် မာနကြီး နေစဉ် မနာလိုဝန်တိုဖြစ်နေစဉ် စသဖြင့် အဲဒီနေစဉ်တိုင်း နေစဉ်တိုင်းကိုရှုမှတ်တာကို နေစဉ်နည်းနဲ့တရားအားထုတ်တယ်လို့ခေါ်ပါတယ်။
"ကိုယ်ပိုင် အလင်းနဲ့အ မှောင် ကိုခွင်းနော်" ဆိုတဲ့အတိုင်း ဘာဝနာမယဥာဏ်အလင်း ဆိုတဲ့ကိုယ်ပိုင် အလင်းနဲ့အ မှောင် ကိုခွင်း နိုင် ဖို့အတွက်က တော့နေစဉ်နည်းနဲ့တရားအား ထုတ်မှ ခွင်းနိုင် ပါလိမ့်မယ်။
နေ့စဉ်နည်းနဲ့တရားအားထုတ် နေရင် တော့ အားထုတ်နေဆဲ ထိုင်နေဆဲလေးအခိုက် အတန့်မှာတော့အ မှောင် ကိုခွင်းနိုင် တယ် တရားထိုင် တာဖြုတ်လိုက်ပြီဆိုတာနဲ့တပြိုင် နက် အ မှောင် ထုကပြန်ကျလာမယ်။
တစ်နာရီထိုင် တယ်ဆိုရင် တစ်နာရီတော့ ကိုယ်ပိုင် အလင်းနဲ့အ မှောင် ကိုခွင်းနေပါရဲ့။ကျန်တဲ့ နာရီတွေက တော့အ မှောင် ထဲမှာကျနေ မယ်။သူများအိမ်က တော့မီးလင်းလို့ ကိုယ့်အိမ်က တော့မှောင် လို့ပေါ့။အဲဒီလို ဖြစ်နေတတ်ပါတယ်။
ကိုယ့်ရဲ့စိတ်နှလုံးမှာအ မှောင် ထုအမြဲ ကင်းနေ အောင်နေစဉ်နည်းနဲ့တရားအား ထုတ်ပြီးတော့ ကိုယ်ပိုင် အလင်းရ အောင် ကြိုးစားအားထုတ် ရပါမယ်။ အ လေ့အကျင့်လုပ်ထားမယ်ဆိုရင် တော့ ဘာမှ မခက်ပါဘူး။ ဒီတရားနာပရိတ်သတ်က တော့အားထုတ်နည်းတွေ သိပြီးသားမို့အားထုတ်နည်းကို သိပ်ပြီးတော့ မ ပြောတော့ပါဘူး။
အရှင် ဆန္ဒာဓိက
( ရွှေပါရမီ တောရ)

0 comments:

Post a Comment