Friday, May 15, 2015

ရှင်သာမဏေစစ်စစ်။



ရှင်သာမဏေစစ်စစ်။
===========
ဗုဒ္ဓဘာသာဝင်တိုင်းသည်၊ သားယောက်ျားလေး ဖွားမြင်လာသည်နှင့် မိမိရင်သွေးလေးအား ရှင်သာမဏေ
ပြုခွင့်ရတော့မည်ဟု၊ အတိုင်းမသိ ၀မ်းသာပီတိဖြင့် စောင့်မျှော်နေတတ်ကြသည်။ ရှင်သာမဏေအစစ် ဖြစ်ဖို့ 
ရန် အလွန်အရေးကြီးသည့် အချက်ကို ထည့်စဉ်းစားသူ အလွန်နည်းကြသည်။ ဆံချ၊ သင်္ကန်းဝတ်၊ သရဏဂုံ
ပေးလျှင် ရှင်သာမဏေ ဖြစ်သွးပြီဟု သိရှိကြပါသည်။ အထက်ပါ အင်္ဂါ ၃ ရပ်မှတစ်ပါး အခြားသော
စလွယ်၊ မကိုဋ်၊ ဆင်မြန်းပြီး ရှင်လောင်းလှည့်မှု၊ ဆိုင်း၊ အငြိမ့်၊ စသည့် ပျော်ပွဲ၊ ရွှင်ပွဲ ထည့်မှု၊ ဘုရားတား
မြစ်သည့် နစ္စ၊ ဂီတ၊ အမှုများသည် ရှင်ပြုမှုနှင့် မဆိုင်ပါ၊ ကုသိုလ်မတိုးပွားဘဲ၊ အကျိုးယုတ်သည့်ပြင်
မူရင်းအလုပ်ကို အလွန်ထိခိုက် စေပါသည်။ ဘုရားရှင်၏ သားတော် ရာဟုလာ ပင်လျှင်၊ ခေါင်းရိတ်ဆံချ
ခြင်း၊ သင်္ကန်းဝတ်ပေးခြင်း၊ သရဏဂုံ ပေးရွတ်ဆိုခြင်းဖြင့် ရှင်သာမဏေ စစ်စစ် ဖြစ်သွားပါသည်။
ရှင်သာမဏေအစစ် ဖြစ်ဖို့ ရန် အလွန်အရးကြီးကြောင် သိသူနည်းကြပါမည်။
" ၁၅ နှစ်အောက် ယုတ်လျော့သော သူငယ်ကို ရှင်ပြုမပေးရ။ ရှင်ပြုပေးသောရဟန်း ဒုက္ကဋ် အာပတ်သင့်
စေ" ဟု ၀ိနည်းမဟာဝါ၊ အဟိဝါတက ရောဂ၀တ္တု ၌ ဘုရားရှင် ”ပထမ” ပညတ်တော်မူပါသည်။ တဖန် ကျီး
ခြောက်လှန့် နိုင်သည့် အရွယ်ကိုလဲ အကျိုးအကြောင်း စုံလင်သဖြင့် မလွှဲသာ၍ "ဒုတိယ" ခွင့်ပြုတော်မူပါ
သည်။ 
ရှင်သာမဏေ အစစ်ဖြစ်ဖို့ ရန် ၁။ သွန်သင်ဆုံးမတတ်သော ဥပဇျွာယ် ဆရာကောင်း လိုပါသည်။ (တစပဉ္စ
က ကမ္မဌာန်း) ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊။ (သရဏဂုံ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ 
သံဃံ သရဏံ ဂစ္ဆာမိ။ တို့ ကို ဆရာကောင်းက အသံထွက် ပီပီသသ ရွတ်ဆိုနိုင်သည်အထိ၊ ကြိုတင်သင်ကြား
လေ့ကျင့်ထားရမည်။ နေပုံထိုင်ပုံ သင်္ကန်းဝတ်ပုံ ဆွမ်းသုံးဆောင်ပုံ တို့ ကိုလည်း ဆရာက တပည့်သာမဏေ
အား တိကျစွာ သွန်သင်ညွှန်ပြ ထားရပါမည်။ အများပြည်သူ လှူဒါန်းထားသော ဆွမ်း၊ ကျောင်း၊ သင်္ကန်း၊ ဆေး၊
စသော ပစ္စည်းလေးပါးကို (ပဋိ သင်္ခါ ယောနိသော) ဆင်ခြင်သုံးစွဲရန် အလွန်အရေး ကြီးပါသည်။ မဆင်မခြင်
သုံးဆောင်မိပါက ( ဣဏပရိဘောဂ) ကြွေးယူသုံးစွဲခြင်း ဖြစ်ပါသည်။ ကြွေးယူသုံးမိလျှင် ကြွေးရှင်ကို ပြန်ဆပ်
ရသကဲ့သို့  နောင်သံသရာရေးအတွက် ၀န်ထုတ်ဝန်ပိုး တင်သွားတတ်ပါ 
၂။ပရိက္ခရာ ရှစ်ပါးနှင့် အသုံးအဆောင် လိုပါသည်။ ပရိက္ခရာ ရှစ်ပါးမှာ= ၁၊ ဒုကုဋ်(နှစ်ထပ်)သင်္ကန်း၊
၂၊ ဧကသီ(အပေါ်ရုံ)သင်္ကန်း၊ ၃၊ သင်းပိုင်(ခါးဝတ်) သင်္ကန်း၊ ၄၊ ခါးပတ်ကြိုး၊ ၅ ၊သပိတ်၊ ၆၊ ခေါင်းရိတ်ဓါး၊
၇၊ အပ်နှင့်ချည်၊ ၈၊ ရေစစ် တို့ ဖြစ်ပြီး၊ ထီး၊ ဖိနပ်၊ ယပ်၊ စိတ်ပုတီး၊ တောင်ဝှေး စသည်တို့ မှာ အသုံးအဆောင်
များဖြစ်ပါသည် = ပရိက္ခရာ ရှစ်ပါးတွင် အသုံးမရတဲ့ ပစ္စည်းများ =ဥပမာ=ကော်ဓါး(ဓါးအတု)၊ ကော်သပိတ်
(သုံးမရတဲ့ လေးလက္မ သပိတ်) စသည်တို့ ကို ရှောင်ရှားသင့်ပါသည်။
၃။ သရဏဂုံ ပီပီသသ (ဌာန် ကဂိုဏ်း) ကျကျ ရွတ်ဆိုရပါမည်။ =သရဏဂုံ ပီပီသသ မရွတ်ဆိုနိုင်ပါက၊
ရှင်သာမဏေအစစ် မဖြစ်နိုင်ပါ။
အကျင့်သီလ၊ မလုံခြုံသည့် အပျော်သဘောဆောင်၊ ရှင်သာမဏေ (အတု)သည်ပင်၊ အပယ်ကျရောက်
မှုကို မပိတ်ပင် မတားဆီးနိုင်ပါ၊ မိမိရင်သွေး သာမဏေများကို ဆရာ(ဘုန်းကြီး)၊ ဒကာ(မိဘ)၊ (အသက်အရွယ်)
ဆန္ဒမစောဘဲ၊ ချင့်ချိန်ပြီး ၀ိုင်းဝန်းစောင့်ရှောက်၊ ပေးမှသာလျှင် နည်းမှန်လမ်းမှန် သို့ ရောက်ပြီး အပယ်မကျ
ရောက်ရေး ကူညီပေးကြပါလို့  တိုက်တွန်းလိုက်ပါသည်။ ။

0 comments:

Post a Comment