Thursday, May 14, 2015

ဆရာသမားကောင်း ရွေးချယ်နည်း။



ဆရာသမားကောင်း ရွေးချယ်နည်း။
==============
“ ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော ”
ဆရာသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်က ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် မိတ်ကောင်းဆွေ
ကောင်း ဆရာသမားဆိုတာ အဲဒီ အရည်အသွေးတွေ ရှိမရှိ ကြည့်ရပါမယ်။=
၁။ ပိယော = ချစ်ခင်လေးစားလောက်တဲ့ သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေ ရှိရပါ
မယ်။ ( ဒါကတော့ ကိုယ့်ကဆုံးဖြတ်ရပါမယ်)
၂။ ဂရု = လေးစားလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။
၃။ ဘာဝနီယော= ချီးမွမ်းလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။ သို့မဟုတ် မေတ္တာဘာဝနာ ပွား
နေတဲ့ မေတ္တာစိတ်ဓာတ်ထားတာ ရှိရပါမယ်။
၎။ ၀တ္တာ = မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်၊ ဆုံးမတတ်တယ်၊ အ
ကြံပေးတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါမယ်။ ကိုယ်ကလည်း ဆုံးမတတ်ရပါမယ်။
၅။ ၀စနက္ခမော = အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်ရ
ပါမယ်။ အဲဒီအချက်က အင်မတန်ခက်တယ်။ ခက်တာက လူတွေမှာ မာန ရှိတယ်။ မာနရှိတဲ့ အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင်
လက်မခံကြဘူး။ ကိုယ့်အောက် ငယ်တဲ့သူကပြောရင်ဘေးဖယ်ထားကြတယ်။
တချို့က သူများ ကိုတော့ ကိုယ်ကဆုံးမတတ်တယ်။ ကိုယ့်ကိုဆုံးမရင်
တော့“ ငါပြောသလိုလုပ် လျှာမရှည်နဲ့တဲ့၊ ” ကိုယ့်ကို လာပြောရင် မကြိုက် တဲ့သူကပိုများကြပါတယ်။ အဲဒါမျိုး မဖြစ်စေရပါ။
၆။ နော စ ဌာနေ နိယောဇကော= သူများကို ချောက်မတွန်းရဘူး။ များသောအားဖြင့် လူတွေ
က သူများကို ချောက်တွန်းတတ်တဲ့ အလေ့အထလေးရှိကြပါတယ်။ ချောက်
တွန်းတယ်ဆိုတာ သူများကို မကောင်းမှန်းသိလျက်နဲ့ တွန်းပို့တာပါ။ အဲဒါ
မျိုး မလုပ်တဲ့ ဆရာသမားမျိုးကို ရွေးပြီး ကိုးကွယ်ရပါမယ်။
ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက
လည်း မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

0 comments:

Post a Comment