Monday, September 8, 2014

“ဘုန်းကြီးချင်သည့် စိတ်”



“ဘုန်းကြီးချင်သည့် စိတ်”
••••••••••••••••••••••••••
အရှင်ဘုရားတို့ ဘုန်းမကြီးချင်နဲ့ ။
ဘုန်းကြီးချင်တဲ့စိတ်ဟာ “ယုတ်မာတဲ့စိတ်ပဲ”။
ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးချင်တယ်ဆိုတာ
“လောဘ၊ သက္ကာရ သိလောက”ကို လိုချင်တာပဲ။
လိုချင်တာဟာ လောဘစိတ်ပဲ ။
လောဘစိတ်ဟာ အကုသိုလ်စိတ်
ဖြစ်တဲ့အတွက် “ယုတ်မာတဲ့ စိတ်”လို့ ပြောရတာပဲ။
အရှင်ဒေဝဒတ်ကြီး ဘုရားရှင်ကို သေကြောင်းကြံတာ၊
သံဃာအသင်းခွဲတာဟာ ဘာအတွက်ကြောင့်လည်းဆိုရင်
“ဘုန်းကြီးချင်တဲ့ အတွက်ကြောင့်”ပဲ။
အခုအဲဒီ ဘုန်းကြီးချင်တဲ့ စိတ်ကြောင့်
အရှင်ဒေဝဒတ်ဟာ အဝီစိမှာ ငရဲခံနေရပြီ။
ဒီအချက်ကြောင့်လည်း ဘုန်းကြီးချင်တဲ့စိတ်ကို
ယုတ်မာတဲ့စိတ်လို့ ပြောရတာပဲ။
စာပေကို ကြိုးစားလို့၊ တရားကို ကြိုးစားလို့
သူ့ဖာသာ ဘုန်းကြီးတာ ကြီးပါစေ။ ဒါကအပြစ်မရှိဘူး။
ဘုန်းကြီးချင်လို့တော့ စာပေကို ကြိုးစားတာ ၊
တရားကို ကြိုးစားတာမျိုးတော့ မဖြစ်သင့်ဘူး။
-【မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသီရိန္ဒာဘိဝံသ မထေရ်】
(အရှုံးမရှိသော ဒဿန စာအုပ်မှ-)

0 comments:

Post a Comment