Monday, September 8, 2014

အာရုံအပေါ်မှာ ခိုင်မြဲစွာထားတာသတိ




အာရုံအပေါ်မှာ ခိုင်မြဲစွာထားတာသတိ
ဤနေရာတွင် သဒ္ဓါ၊ စေတနာ၊ ၀ီရိယ ဤတရား
သုံးပါးရှိရုံမျှဖြင့် ကုသိုလ်ရနိုင်ပြီလောဟု တစ်ဆင့်
တက်၍ မေးစရာရှိလာ၏။ စင်စစ်သော်ကား သတိ
တရားပါရှိဖို့ လိုသေးသည်ဟုတစ်ဆင့်တက်၍ ဖြေ
ရမည်သာဖြစ်လေသည်။ မှန်၏။ သဒ္ဓါ၊ စေတနာ၊
ဝီရိယ စသောဖြစ်ဖော်ဖြစ်ဖက်တရားတို့ကို သက်
ဆိုင်ရာ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့၌ ခိုင်ခံ့တည်
အောင် ပြုပေးတတ်သောတရားသည်ကား သတိ
တရားပင်ဖြစ်လေသည်။ မှန်၏။
ဆွမ်းတော်တင်လျှင် ကုသိုလ်ရသည်ဟု ယုံကြည်
သောသဒ္ဓါ၊ ဆွမ်းတော်တင်လိုသော စေတနာ၊ ဆွမ်း
တော်တင်လှူရန် ထကြွလုံ့လပြုမှု ၀ီရိယရှိသူချင်း
အတူတူတွင် ဆွမ်းတော်တင်မှု၌ ထိုသဒ္ဓါစသော
တရားများကို ခိုင်မြဲတည်တံ့အောင် ပြုတတ်သော
တရားမရှိသူမှာ နေ့စဉ်မပြတ်ဆွမ်းတော်တင်လှူရ
သော ကုသိုလ်မျိုး မဖြစ်ပွားနိုင်။
သီလဆောက်တည်လျှင် ကုသိုလ်ရသည်ဟု ယုံ
ကြည်သောသဒ္ဓါ၊ သီလဆောက်တည်လိုသော
စေတနာ၊ သီလဆောက်တည်ရန် ထကြွလုံ့လပြုမှု
ဝီရိယရှိသူချင်းအတူတူတွင် သီလဆောက်တည်မှု
၌ ထိုသဒ္ဓါစသောတရားများကို ခိုင်မြဲတည်တံ့အောင်
ပြုတတ်သောတရားမရှိသူမှာ နေ့စဉ်မပြတ်သီလ
ဆောက်တည်သော ကုသိုလ်မျိုး မဖြစ်ပွားနိုင်။
တရားဘာဝနာပွားများအားထုတ်လျှင် ကုသိုလ်ရ
သည်ဟု ယုံကြည်သောသဒ္ဓါ၊ တရားအားထုတ်လို
သော စေတနာ၊ တရားအားထုတ်ရန် ထကြွလုံ့လ
ပြုမှု ၀ီရိယရှိသူချင်းအတူတူတွင် တရားအားထုတ်
မှု၌ ထိုသဒ္ဓါစသောတရားများကို ခိုင်မြဲတည်တံ့
အောင် ပြုတတ်သောတရားမရှိသူမှာ နေ့စဉ်မပြတ်
တရားအားထုတ်သော ဘာဝနာကုသိုလ်မျိုး မဖြစ်
ပွားနိုင်။
ထို့ကြောင့်မည်သည့်ကုသိုလ်မျိုးမဆို နေ့စဉ်ဖြစ်ပွား
လိုလျှင် ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုဆိုင်ရာကိစ္စ
တို့၌
ဤအမှုကိုလုပ်လျှင် တိုးတက်ရန်သာရှိ၏။ ဆုတ်ယုတ်
ရန်မရှိဟု ယုံလည်းယုံပါမှ၊
ဖြစ်မြောက်အောင်ဆောင်ရွက်ရန် လုံလောက်သော
လှုံ့ဆော်မှုစေတနာအဟုန်လည်းကောင်းပါမှ။
ဖြစ်မြောက်အောင်ဆောင်ရွက်သော ထကြွလုံ့လ
ဝီရိယလည်းရှိပါမှ။
ခိုင်မြဲတည်တံ့အောင်ပြုတတ်သော သတိတရားလည်း
ရှိပါမှ မည်သည့်ကုသိုလ်မျိုးမဆို နေ့စဉ်ဖြစ်ပွားနိုင်
ကြောင်း တစ်ဆင့်တက်၍ သိမှတ်ကြရမည်ဖြစ်လေ
သည်။
အရှင်ဝိသာရဒ ( ရမ္မာဝတီ )
အမျှဝေနည်းနှင့် ကုသိုလ်ပြုနည်းလမ်းညွှန်မှ

0 comments:

Post a Comment