Tuesday, October 13, 2015

“ကြီးပွားတိုးတက်ရေး ကျင့်စဉ် (၇)သွယ်”



“ကြီးပွားတိုးတက်ရေး ကျင့်စဉ် (၇)သွယ်”
•••••••••••••••••••••••••••••••••
ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့ကြသော ဘာသာရေး
ခေါင်းဆောင်တို့က လောကလူသားတို့
ကြီးပွားချမ်းသာရေးအတွက် မိမိတို့အမြင်၊
မိမိတို့ ရှုထောင့်အသီးသီးကနေ
ဟောပြောညွှန်ပြခဲ့ကြပါသည်။
ထိုဘုရားတို့တွင် အိန္ဒိယတွင်ပေါ်ထွန်းခဲ့သော
“ဂေါတမဗုဒ္ဓ”သည် ပစ္စုပ္ပန်လက်တွေ့
လောကကြီးပွား ချမ်းသာတိုးတက်ရေး၊
တမလွန်ဘ၀ကြီးပွားချမ်းသာတိုးတက်ရေး၊
နောက်ဆုံး ဘ၀လွတ်မြောက်ရေးတို့အတွက်
နည်းလမ်းများ၊ကျင့်စဉ်များကို
သုတ္တန်ဒေသနာတော်ဖြင့်တစ်မျိုး၊
ဝိနည်းဒေသနာဖြင့်တစ်သွယ်၊
အဘိဓမ္မာနည်းဖြင့်တစ်ဖုံ နည်းမျိုးစုံဖြင့်
လမ်းညွှန်ဟောကြားခဲ့ပါသည်။
ဂေါတမဗုဒ္ဓက“အတ္တဟိ အတ္တနော နာထော”
မိမိကိုယ်ကို အားကိုလုပ်ပါ။ဆုတောင်း၍မရ လုပ်မှရမည်။
လုပ်ရာတွင် “ကံ၊ဉာဏ်၊ ၀ိရိယ”
ဉာဏ် နှင့် ယှဉ် လုံ့လ၀ိရိယဖြင့်
ကံဆိုသော အလုပ်ကို ကြိုးစားလုပ်ပါ။
ဤသို့လုပ်ဆောင်သောသူသည် ပစ္စုပ္ပန် ၊တမလွန်
ဘ၀သံသရာ အဆက်ဆက်တို့၌ ကောင်းကျိုး
အစဉ်အဆက် ရရှိခံစားရပြီး နောက်ဆုံး
ချမ်းမြေ့ငြိမ်းအေးရာ နိဗ္ဗာန်သို့ရောက်မည်ဟု
ဟောကြားထားပါသည်။
ဘ၀တိုးတက်ကြီးပွားရေးအတွက် ကျင့်စဉ် (၇)ချက်မှာ-
(၁)။ထကြွလုံ့လရှိရမည်။
(၂)။သတိရှိရမည်။
(၃)။စင်ကြယ်သောကိုယ်မှု၊ နှုတ်မှု၊ ကြံစည်မှု ရှိရမည်။
(၄)။စူးစမ်းဆင်ခြင် စီစစ်၍ ပြုလုပ်တက်ရမည်။
(၅)။စောင့်စည်းသောဣနြေ္ဒရှိရမည်။
(၆)။တရားသဖြင့် အသက်မွေးရမည်။
(၇)။မမေ့မလျော့ရှိရမည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】
[၂၀၀၈ခုနှစ်၊ သြဂုတ်လထုတ် ထေရ၀ါဒဓမ္မစာစောင်မှ-]

0 comments:

Post a Comment