Pages

Monday, July 20, 2015

တွယ်တာမိရင် ဆွဲချလိမ့်မယ်။



တွယ်တာမိရင် ဆွဲချလိမ့်မယ်။ 
===============
တိဿဆိုတဲ့ ရဟန်းတစ်ပါးဟာ သူ့ညီမက ကောင်းကောင်းမွန်မွန် ချောချောလေးရက်
လုပ်ပြီးတော့ လှူလိုက်တဲ့သင်္ကန်းလေး မ၀တ်ရက်သေးလို့ မနက်ကျတော့မှ ၀တ်မယ်ဆိုပြီး
အားတင်းထားတာ ညကျတော့ အစာမကျေတဲ့ရောဂါနဲ့ ပျံလွန်တော်မူတယ်။ ဒီ သင်္ကန်းပေါ်မှာ
တွယ်တာပြီးပျံလွန်တော်မူတော့ သန်းဖြစ်နေတယ်။
တွယ်တာမှုဟာ အထက်ကို မရောက်နိုင်ဘူး ဆွဲချထားတယ်၊ သီလရှိတဲ့ ရဟန်း၊ တရား
ဓမ္မ ကျင့်ကြံအားထုတ်နေတဲ့ ရဟန်း၊ သို့သော် သင်္ကန်းလေးပေါ်မှာ သွားပြီး တွယ်တာမိတဲ့အ
တွက် သန်း သွားဖြစ်တယ်။
ဘုန်းကြီး ရဟန်းတစ်ပါး ပျံလွန်တော်မူလို့ရှိရင် အဲဒီ ဘုန်းကြီးပိုင်တဲ့ပစ္စည်းကို “မတသန္တ
က” လို့ခေါ်တယ်။ ပျံလွန်တော်မူတဲ့ဘုန်းကြီးရဲ့ပစ္စည်းအားလုံးဟာ သံဃိကဖြစ်တယ်။ သံဃာ
တွေအားလုံး ပိုင်ဆိုင်တယ်။ သံဃာတွေက တိဿရဟန်းတော့ပျံလွန်တော်မူသွားပြီ၊ သူ့သင်္ကန်း
လေး ကျန်ရစ်တယ်၊ အဲဒီသင်္ကန်းကို “ဝေဘန္တိက” ပြုမယ်ဆိုတော့ အဲဒီသန်းက စိတ်ဆိုးလိုက်
တာ၊ “ငါ့သင်္ကန်းကို ဘာလို့ယူမှာတုန်း၊ မပေးချင်ဘူး” တဲ့။ ကြည့် ..တွယ်တာတာကို အကြောင်း
ပြုပြီး ဒေါသပါ ဖြစ်လာတယ်။
အဲဒါကို မြတ်စွာဘုရားကကြားလို့ “အဲဒီသင်္ကန်းကို မခွဲဝေကြနဲ့ဦး၊ ခုနှစ်ရက်ထားလိုက်ဦး”
လို့ မိန့်တယ်။ သန်း(တိဿရဟန်း)က ခုနှစ်ရက်ပဲ အသက်ရှည်မှာကို ဘုရားကသိတယ်။ သူ့
သင်္ကန်းလေးပေါ်မှာ ခုနှစ်ရက် အေးအေးဆေးဆေး နေရပြီး ခုနှစ်ပြည့်တဲ့အခါ သက်တမ်းစေ့
သေပြီး အတွယ်အတာလွတ်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်သွားတယ်။
တွယ်တာမှုက သီလထက်အရင် လက်ဦးသွားပြီး သန်းဘ၀ ရောက်သွားတာ၊ တွယ်တာ
မှုဟာ ကြောက်စရာအလွန်ကောင်းပါတယ်။ ဒါကြောင့် အတွယ်အတာ မထားကြပါနဲ့၊ ကိုယ့်ကိုယ်
ကိုလည်း မတွယ်အောင် သတိထားရမယ်။ တွယ်တာမှုဆိုတဲ့ “နိကန္တိ” ဆိုတာ အထက်ကိုမ
ရောက်နိုင်အောင် တားဆီးထားတယ်။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း ဗုဒ္ဓမြတ်စွာ ဟောကြားတော်
မူတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးပြီး အတွယ်အတာတွေ လုံးဝလွတ်မြောက်ကာ နိဗ္ဗာန်ချမ်း
သာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။

No comments:

Post a Comment