Pages

Monday, June 15, 2015

နည်းမှန်လမ်းမှန် ဆွမ်းကပ်နည်း။



နည်းမှန်လမ်းမှန် ဆွမ်းကပ်နည်း။
================
နည်းမှန်လမ်းမှန် ဆွမ်းအကပ်မြောက်ရန် အင်္ဂါ (၅) ချက် လိုပါတယ်။
၁။ အလယ်အလတ်အားရှိသူ ချီမြှောက်နိုင်လောက်တဲ့ ပစ္စည်းဝတ္ထု ဖြစ်ရပါမယ်။
၂။ နှစ်ထောင့်တစ်ထွာ အတိုင်းအတာ အတွင်းမှာ ဖြစ်ရပါမယ်။
၃။ ကပ်လှူသူက ရှေ့ရှုဆောင်ထားရပါမယ်။
၎။ သက်ရှိတစ်စုံတစ်ယောက်က ကပ်လှူရပါမယ်။
၅။ အကပ်ခံရဟန်းက ထိတွေ့ကိုင်တွယ်ရပါမယ်။
စားပွဲက ကြီးလွန်းနေလို့ (သို့မဟုတ်) ဆွမ်းဟင်းပွဲတွေ များလွန်းလို့ တစ်ယောက်ချီ
မနိုင်တာထက် လေးနေလျှင် ဆွမ်း၊ ဟင်းပွဲတွေကို တစ်ခုချင်း ကပ်ရပါမယ်။ (သို့မဟုတ်) လင်
ပန်း စသည်မှာ တင်ပြီး ကပ်ရပါမယ်။ စားပွဲခုံကြီးကို လူအများနှင့် ၀ိုင်းမတာမျိုး ရှောင်ကြဉ်ပါ။
တစ်ချက်ချို့ယွင်းလျှင် အကပ်မမြောက်၍ သုံးဆောင်လျှင် အာပတ်သင့်ပါသည်။ လွယ်
လွယ်နဲ့ ပြင်လို့ရတဲ့ အမှားကို ပြုပြင်ကြပါရန် တိုက်တွန်းလိုက်ပါတယ်။ ။

No comments:

Post a Comment