Pages

Thursday, June 11, 2015

အခက်လေးမျိုး။



အခက်လေးမျိုး။
=========
၁။ အကြည်ညို မခံရဖို့ထက်၊ အကြည်ညိုခံရဖို့က ပိုခက်တယ်။ ၂။ အမျိုးသမီးတွေ ကြည်ညိုဖို့ထက်
အမျိုးသားတွေ ကြည်ညိုဖို့က ပိုခက်တယ်။ ၃။ အမျိုးသားတွေ ကြည်ညိုဖို့ထက် ရဟန်းအချင်းချင်း ကြည်
ညိုဖို့က ပိုခက်တယ်။ ၄။ ရဟန်းအချင်းချင်း ကြည်ညိုဖို့ထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က ပိုခက်တယ်။
ဘုန်းဘုန်းတို့ မြို့ထဲမှာ အရာရှိကြီးတစ်ယောက်ရှိတယ်။ ခိုးတယ်၊ ၀ှက်တယ်၊ လိမ်တယ်၊ လာဘ်စား
တယ်။ မကောင်းတာမှန်သမျှ အကုန်လုပ်တယ်။ ဒါပေမဲ့ ကျွမ်းကျင်ပိရိစွာ လုပ်တတ်တဲ့အတွက် သူတစ်ပါး
ကဲ့ရဲ့တာ မခံရဘူး။ ပရာနုဝါဒဘေးက လွတ်တာပေါ့။
သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ကပ်ဖားပြီး လာဘ်ထိုးနိုင်တဲ့အတွက် ဒဏ္ဍဘေးကလည်း လွတ်သွား
တယ်။ ဒါပေမဲ့ “ ငါဟာ ခိုးစား၊ လိမ်စားနေတဲ့ လူကြီးပါလား ” ဆိုတဲ့ ကိုယ့်ကိုယ်ကို စွပ်စွဲတဲ့ အတ္တာနုဝါဒ
ဘေးကြီးကျတော့ ရှောင်လို့ မရတော့ဘူး။ သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း ကိုယ့်ကိုယ်ကို လိမ်ညာ
၍ မရနိုင်ပါ။ အတ္တာနုဝါဒဘေး ဆိုက်ရောက်ပြီဆိုရင် အပါယဘေးက ဆိုက်တော့တာပဲ။ အပါယဘေးကို
လာဘ်ထိုးလို့ မရဘူး။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသည့် အပါယ်လေးဘုံသို့ ကျရောက်မယ်။
ဒါကြောင့် တရားကျင့်ကြံ သူတော်ကောင်းတို့လည်း ကိုယ့်ကိုယ်ကို ကြည်ညိုအောင် နေနိုင်ကြပြီး ကောင်း
ကျိုးချမ်းသာတွေ ခံစား၊ စံစားပြီး နိဗ္ဗာန်သို့တိုင် ရောက်ရှိနိုင်ကြပါစေကုန်သတည်း။ ။

No comments:

Post a Comment