Pages

Thursday, April 2, 2015

လောကီလူသားနှင့် ကာမဂုဏ်။


လောကီလူသားနှင့် ကာမဂုဏ်။
=================
အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိတို့ကို ကာမဂုဏ်ဟူ၍ ဆိုရလေသည်။
လူသားတို့သည် ဤကာမဂုဏ် ငါးမျိုးကို လိုချင်မက်မောကြမြဲဖြစ်၏။ သာမန်မျှ လိုချင်မက်
မောခြင်း၊ သာမန်ထက်လွန်၍ များစွာလိုချင်မက်မောခြင်း၊ အလွန်အကျူး လိုချင်မက်မော
ခြင်း ဟူ၍ ခြားနားချက်ကား ရှိလေသည်။
ကာမဂုဏ်ကို လိုချင်မက်မောမှု အတိုင်းအတာနှင့်အမျှ လူသားတို့ ဆင်းရဲပင်ပန်း
ကာ လောဘ၊ ဒေါသ၊ မာန်မာန၊ ဣဿာ - မစ္ဆရိယ စသော ကိလေသာစိတ် ပွားများကြ
ရသည်။ ကိလေသာစိတ် ပွားများသည်နှင့်အမျှ ဆင်းရဲပင်ပန်းကြရသည်။ ပူပန်ကြောင့်ကြ
ရသည်။ ထိတ်လန့်ကြရကုန်သည်ဟု ဗုဒ္ဓက ညွှန်ပြတော်မူလေသည်။
လူသားတို့သည် ကာမဂုဏ်ကို မက်မောစွဲလန်းခြင်းကြောင့် ကိလေသာစိတ် ဖြစ်ပွား
ကြကာ အသိအမြင်၌ မှားကြလွဲကြလျက် ပြုလုပ်ဆောင်ရွက်ခြင်းများမှာလည်း မမှန်မကန်
ဖြစ်ကြရသည်။ ထို့ကြောင့် မိမိအတွက်လည်းကောင်း၊ မိမိပတ်ဝန်းကျင်အတွက်လည်းကောင်း
တိုးတက်ကြီးပွားရေးနှင့် သာယာချမ်းမြေ့ရေးများ ဆုတ်ယုတ်ပျက်ပြားကြရသည်ဟု ဗုဒ္ဓက 
ညွှန်ပြတော်မူလေသည်။
ကာမဂုဏ်ကို စွဲလန်းတပ်မက်ခြင်း မရှိသင့်၊ ကာမဂုဏ်၌ ရောင့်ရဲရမည်။ ကာမဂုဏ်
သည် စက်ဆုတ်ဖွယ်ဖြစ်၏။ ကာမဂုဏ်ဟူသည်မှာ စင်စစ်အားဖြင့် ရေရာတိကျသော အရာ
မဟုတ်။ အနှစ်သာရလည်း မရှိ။ ဘေးများ၏။ ရန်များ၏။ အန္တရာယ်များလှသည်ဟူ၍ ဗုဒ္ဓသည်
ကာမဂုဏ်၏ သဘောသဘာဝကို လူသားတို့ ထင်မြင်သိရှိနားလည်ရန် ဥပမာအဖုံဖုံဖြင့်
ညွှန်ပြတော်မူလေသည်။
ဗုဒ္ဓ ညွှန်ပြတော်မူသည့်အတိုင်း အဖန်ဖန်သုံးသပ်၍ လေးလေးနက်နက် ဆင်ခြင်မိပါ
က လူ့ဘ၀၏ အမှန်လမ်းနှင့် လူသားတို့၏ တကယ့်ရပ်တည်နေပုံကို ထင်မြင်လျက် လက်တွေ့
အားဖြင့် အကျိုးခံစားကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ဒီဘ၀ ဒီမျှသာနှင့် ၀ိပဿနာ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

No comments:

Post a Comment