Pages

Monday, June 23, 2014

သဒ္ဓါစစ်ဆိုတာ



















သဒ္ဓါစစ်ဆိုတ
ကိုယ့်သန္တာန်မှာ ဉာဏ်ဘုရားပေါ်အောင်

လုပ်ရမှာ မလုပ်ကြပါဘဲနှင့် ဟိုအနားဘုရား
ပေါ်တယ်ဆိုရင် သွားလိုက်ကြတာ ဆီးမရ
တား မရ၊ နွားမိတ်သင်းကြီးလိုပဲကွယ့်၊
ကောင်းလိုက်တဲ့သဒ္ဓါတရား၊ ပါတာအကုန်
ချွတ်လှူတာပဲ။ ပေါ်တော်မူအစစ်ဆိုတာ
မှိုနဲ့မျှစ်သာရှိသကွယ့်။

အဲဒါကလွဲရင် ကိုယ့်ဘုရားကိုယ်မြှပ်၊ ကိုယ့်
အိပ်မက်ကိုယ်မြင်ပြီး လိမ်စားကြတာချည်း
ပဲ။ ပေါ်တော်မူမှန်ရင် မြေထဲမြှပ်လို့မဆွေး
တဲ့ ကျောက်ဆင်းတုနှင့် ဖန်သားတွေချည်း
ပဲ။ ကျွန်းသားဆင်းတုမပါဘူး။

အဲဒီလို မစဉ်းစားဘဲ အရမ်းကောင်းတဲ့သဒ္ဓါ
တရားဟာ သဒ္ဓါရှုး သဒ္ဓါနှမ်းတဲ့၊ ငွေကုန်ပြီး
ဘာမှအကျိုးမရှိဘူး။ အကျိုးမရှိတဲ့နေရာမှာ
သဒ္ဓါတွေကကောင်း အကျိုးရှိမယ့်နေရာတွေ
ကျတော့ သဒ္ဓါတရားမကောင်း။

ဘယ်ကလာပြန်ပြီး မြန်မာတွေ ကောင်းစား
မလဲကွယ့်။ အလှူပေးတာလဲ မြန်မာ၊ မွဲတာ
လဲ မြန်မာ၊ အဲဒါ သဒ္ဓါအချိုးမကျလို့ကွယ့်။

မြတ်စွာဘုရားက ဆင်းရဲတဲ့သူတွေကို ကရု
ဏာနဲ့ ပေးကမ်းကြ၊ ထောက်ပံ့ကြတဲ့၊ ဒါမှ
သဒ္ဓါအစစ်ကွယ့်၊ အခုတော့ မဟုတ်တာလုပ်
ပြီးညာရင် သဒ္ဓါတရားကောင်းပြီ။ အဲဒါသဒ္ဓါ
အစစ်မဟုတ်ဘူးကွယ့်၊ ဒိဋ္ဌိတဲ့။

ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်း
ဆရာတော် ဦးဉာဏ၏ တရားစစ်တမ်းဆွေးနွေး
ခန်း စာအုပ်မှ

No comments:

Post a Comment