Pages

Monday, June 23, 2014

သတိမကင်းသော အရှင်မဟာသံဃရက္ခိတ မထေရ်ဝတ္ထု

သတိမကင်းသော အရှင်မဟာသံဃရက္ခိတ မထေရ်ဝတ္ထု

အရှင်မဟာသံဃာရက္ခိတမထေရ်ကြီးဟာ
သက်တော်ကရှစ်ဆယ်၊ ၀ါတော်ကခြောက်
ဆယ်ရှိပါပြီ။ ပျံလွန်တော်မူခါနီးမှာအိပ်ယာ
ထက်မှာ ပက်လက် ဖြစ်နေပါပြီ။ ထိုင်လို့
တောင်မရတော့ပါဘူး။

ဒီအချိန်မှာ ကျောင်းအနီးအပါး ၁၂ ယူဇနာ
ပတ်ဝန်းကျင်ကလူတွေဟာ ရဟန်းကြီးပရိ
နိဗ္ဗာန်စံတာကို ဖူးမြော်ဖို့ဆိုပြီး စည်းဝေး
ရောက်ရှိလာကြပါတယ်။

ဒီအခါရဟန်းများက အရှင်ဘုရား၊ လောကု
တ္တရာတရားထူးများရပြီလားလို့မေးလျှောက်
ပါတယ်။ အဓိပ္ပါယ်ကတော့ ရဟန္တာ ဖြစ်ပြီ
လားမေးတာပါ။

ငါဟာ မေတ္တေယျဘုရားကို ဖူးမျှော်လိုတဲ့အ
တွက် ၀ိပဿနာကိုမရှု ဒါကြောင့် အရိယာ
မဖြစ်သေး၊ ပုထုဇဉ်သာ ဖြစ်တယ်လို့ ဖြေ
တော်မူတယ်။

ဒီတင် ပြုစုနေတဲ့ရဟန်းများက ဒါဆို ရဟန္တာ
ပရိနိဗ္ဗာန်စံတာကို ဖူးမြောဖို့ရာလာကြတဲ့
ဒကာ ဒကာမတွေ စိတ်မကောင်းဖြစ်ကြတော့
မှာပါပဲဘုရား လို့ပြန်လျှောက်ကြတယ်။

ဒီတော့ အရှင်သံဃရက္ခိတမထေရ်က
ဟေ ဟုတ်လား၊ ဒါဖြင့်ငါ့ကို ထူပေး၊ လူတွေ
ခဏဆိုင်းထား၊ သင်အပြင်ကိုခဏထွက်လို့
အမိန့်ရှိတော်မူတယ်။ ပြုစုနေတဲ့ ရဟန်းတော်
အခန်းအပြင်ဘက်ကိုထွက်ဖို့ တံခါးပေါက်ကို
ကျော်ရုံရှိသေးတယ် ကိုယ်တော်ကြီးက လာ
ပြန်ခဲ့တော့ လို့ အချက်ပြလိုက်ပါတယ်။

သူနာပြုရဟန်းလည်း ၀င်လာပြီး
ရဟန်းကိစ္စပြီးသွားပြီလားဘုရားလို့ မေးပါတယ်။

အေးပြီးသွားပြီတဲ့။

ဟင် မြန်လှချည်လားဘုရား။ အံ့သြစရာပါကလား။
လို့ဆိုတော့ ဆရာတော်ကြီးက ဒါ မခက်ပါဘူး။ အံ့
သြစရာမရှိပါဘူး။ တကယ်ကတော့ ရဟန်းဖြစ်တဲ့
နေ့က စပြီး သတိကင်းကွာပြီး ပညာနဲ့မဆင်မခြင်ဘဲ
ပြုလုပ်ခဲ့တဲ့အမှုမရှိပါ။ အဲဒီလိုနေနိုင်ဖို့သာ ခက်တာ
ပါ လို့မိန့်တော်မူတယ်တဲ့။

အရှင်မဟာ သံဃရက္ခိတမထေရ်အကြောင်းကို
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန် ပထမတွဲ စာမျက်နှာ
၈၃ တွင်လည်း ရှုနိုင်ပါတယ်။

ဆန်းလွင်
ရွှေတောင်တက်ဒဿန

No comments:

Post a Comment