Pages

Wednesday, May 7, 2014

ကိုယ်နဲ့ခန္ဓာခွဲခြားကြည့်ရမယ်ဆိုတာ နားလည်အောင်ရှင်းပြပါ။


ကိုယ်နဲ့ခန္ဓာခွဲခြားကြည့်ရမယ်ဆိုတာ
နားလည်အောင်ရှင်းပြပါ။

ကိုယ်ဆိုတာ ခြေဖျားက ဆံဖျားတိုင်အောင်
တစ်ကိုယ်ကောင်လုံးကြီးကိုခေါ်တာ။ ကိုယ်
ကိုကြည့်ရင် လျောင်း ထိုင် ရပ် သွား လှုပ်
ရှားတည်ငြိမ်နေတဲ့အမှုအရာတွေကိုမြင်မယ်။
ပုံပန်းသဏ္ဍာန် အရောင်အဆင်းတွေကိုတွေ့
မယ်။ ပကတိမျက်စိနဲ့မြင်လို့ရတယ်။ မြင်ပြီး
ရင်ထပ်မြင်နေရင်လည်း ဒီကိုယ်ကောင်ကြီး
က မပြောင်းလဲပါဘူး။ အမူအယာတွေသာ
ပြောင်းလဲနေတယ်။

ခန္ဓာဆိုတာက ကိုယ်ကောင်ကြီးဖွဲ့စည်းထား
မှု အခြေခံရုပ်သဘော၊ နာမ်သဘောတွေကို
ခေါ်တာ။ ရုပ်ခန္ဓာနာမ်ခန္ဓာတရားတွေကိုတွေ့
ရင် ဖောက်ပြန်ပြောင်းလဲနေတာတွေ့မယ်။
ပုံပန်းသဏ္ဍာန် အရောင်အဆင်း မပါဘဲ ဓမ္မ
သဘောသက်သက်မျှသာလို့သိမယ်။ပကတိ
မျက်စိနဲ့မမြင်နိုင်ဘူး။ ဉာဏ်မျက်စိနဲ့သာမြင်
နိုင်မယ်။မြင်ပြီးရင်လဲမြင်နေရင်လည်းပြောင်း
လဲတဲ့ သဘောပဲ တွေ့မယ်။ မြင်ဆဲခဏမှာ
ကို ပြောင်းလဲတဲ့သဘောပဲရှိတယ်လို့သိမြင်
နိုင်တယ်။

ရေစီးဆင်းနေတဲ့မြစ်တစ်စင်းကိုတွေ့ဖူးမှာ
ပေါ့။ မြစ်ကိုကြည့်ရင် မြစ်ရဲ့အကျယ်၊ အ
ကွေ့အကောက်၊ အရောင်အဆင်း၊ ပုံသ
ဏ္ဍာန်တွေကိုမြင်နေရတယ်။ခုကြည့်လည်း
ဒီမြစ်၊ ဒီပုံစံ၊ နောင်ကြည့်လည်း ဒီမြစ်၊ ဒီ
ပုံစံ။ မပြောင်းလဲဘူး။ တကယ်လို့သာ စီး
ဆင်းနေတဲ့ရေကို ဂရုစိုက်ကြည့်ရင် တသွင်
သွင်စီးနေတဲ့သဘော၊ ရွေ့နေလှုပ်ရှားနေ
တဲ့သဘောတွေကို တွေ့မယ်။ မြစ်တစ်စင်း
ရဲ့ပုံစံကို ဂရုမပြုမိတော့ဘူး။ စီးသွားတဲ့ရေ
ဟာ နောက်တစ်ခါပြန်မစီးတော့ဘူး။အသစ်
အသစ်သာ ထပ်စီးသလို ရုပ်ခန္ဓာ နာမ်ခန္ဓာ
တွေလည်းဖြစ်ပြီးသွားရင် ဒီခန္ဓာတွေပြန်မ
ဖြစ်တော့ဘူး.။ အသစ်အသစ် ခန္ဓာပဲထပ်
ဖြစ်တယ်လို့ အသိဉာဏ်ပေါ်နိုင်တယ်။

ရေစီးဆင်းမှုတွေ ပေါင်းစပ်ပြီး မြစ်လို့ခေါ်ရ
သလို ဖြစ်ပျက်ခန္ဓာတွေ ပေါင်းစပ်ပြီးကိုယ်
လို့ခေါ်တာပါ။ ခန္ဓာရဲ့ဖောက်ပြန်တဲ့သဘော
နဲ့ ကိုယ်ကောင်ကြီးရဲ့တည်ငြိမ်လှုပ်ရှားအမူ
အယာတွေရဲ့သဘောဟာ ကွဲကွဲပြားပြားသိ
သာနိုင်ပါတယ်။ဉာဏ်နဲ့ကြည့်ရင်ကိုယ်နဲ့ခန္ဓာ
ခွဲခြားသိလာမယ်။

ဓမ္မဒူတအရှင်ဆေကိန္ဒ
အလုပ်ပေးဝိပဿနာအမေးအဖြေများ - ၁

No comments:

Post a Comment