Pages

Thursday, April 24, 2014



သရဏဂုံ စိတ်မှာရုံ

မင်းလူလား ခွေးလား

လူပါ ဘုရား
မင်းလူဆိုရင် ငါ့ကို အရင်မကန်တော့နဲ့၊ ငါက
အရေးမကြီးဘူး၊ ဘုရားကအရေးအကြီးဆုံးပဲ။
သွား....

ဘုရားကို အရင်ရှိခိုးကန်တော့၊ လှုစရာရှိတာ
ဘုရားကိုအရင်လှုရတယ်။ပြီးမှငါ့ကိုကန်တော့

ဦးသုံးကြိမ် မချနဲ့၊ ငါးကြိမ်းချ၊ အနန္တငါးပါး ရည်
စူးပြီး ရှိခိုး။ ဘုရား အရေးကြီး ဆုံးပဲ။ တစ်နေ့
ဘုရားငါးကြိမ် ရှိခိုး

တပည့်တော်က ၀န်ထမ်းဆိုတော့ တစ်နေ့ဘုရား
ငါးကြိမ်ရှိခိုးဖို့ အခက်အခဲ ရှိပါတယ် ဘုရား

အိမ်မှာ ရှိခိုးတာ မနက်ည နှစ်ကြိမ်၊ ကျန်တဲ့အချိန်
တွေမှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊
သံဃံ သရဏံ ဂစ္ဆာမိ လို့ ဘုရားကို အာရုံပြုပြီးသွား
ရင်း လာရင်း လုပ်ကိုင်ရင်း ရှိခိုးကြပါ။ ဘုရားရှေ့
ထိုင်နေမှ မဟုတ်ဘူး။ လုပ်စရာရှိလုပ်၊ အားတာနဲ့
ရှိခိုး၊ ထိုင် ထ လဲလျောင်း ဣရိယာပုထ်တိုင်းမမေ့
နဲ့။ ဂုဏ်တော်ကိုးပါးထဲက အရဟံ တစ်လုံးအမြဲရွတ်
ဆိုပြီး ဘုရားကို အာရုဏ် ညွတ်တွားမယ်ဆိုရင် ဒါ
ရှိခိုးတာပဲ။ သရဏဂုံသုံးပါး အမြဲစိတ်ထဲမှာ ရုံထား
ပြီး ငါးပါးသီလလုံဖို့လိုတယ်။ ဒီလိုမှ မလုံရင် ဘာ
ဖြစ်မလဲ စဉ်စား။ ကိုယ်အလုပ် ကိုလုပ်၊ ရိုးသားစေ၊
နိုးကြားစေ၊ ကြိုးစားစေ၊ ရဲရဲလုပ် ရဲရဲပြော။ သရဏဂုံ
စိတ်မှာရုံပြီး ငါးပါးသီလ လုံပြီဆိုရင်ဘာကိုမှကြောက်
စရာ မရှိတော့ဘူး။ သီလကို နံနက်က ယူပြီး ညမှာ
တစ်ကြိမ်ထပ်စစ်ပြီး ထပ်ယူ ညမှာ တစ်ကြိမ်ထပ်စစ်
ပြီး ထပ်ယူ၊ ကျိုးပြတ်တဲ့ သီလ ဖာထေးရတယ်

ကိုယ့်အလုပ် ကိုယ်လုပ်၊ ရိုးသား၊ ကြိုးစား၊ နိုးကြားပြီး
လုပ်ရမယ်။ သရဏဂုံ စိတ်မှာရုံ ငါးပါးသီလမှန်မြဲပြီး
လုပ်တဲ့အလုပ်ဟာ ဘယ်မှာ မတိုးတက် မကြီးပွားဘဲ
ရှိမှာလဲ။ ဘယ်ကြောက်စရာကောရှိမှာလဲ။ ပြောစရာ
ရှိရင်လည်း ရဲရဲတင်းတင်းပြော

-ဓတင်္ဂါရ ဓမ္မသုခ ဆရာတော်ဘဒ္ဒန္တအရှင်ဉာဏ၏
ထူးခြားသောဘ၀ဖြစ်စဉ်နှင့်အံ့ဖွယ်ဓမ္မကျင့်စဉ်များ စာအုပ်မှ

No comments:

Post a Comment